Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မကွေးမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 06,2026
မကွေးမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် အစိုးရသစ်၏ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာ မြေငှားဂရန်ချထားပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
May 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် မေရီလန်းကျေးရွာ အုပ်စုအိုးဘိုစုကျေးရွာတွင် မြေငှားဂရန် ချထားပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း ဦးဆောင်သော ကျေးရွာမြေ ငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
May 06,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု မာန်မြေမြောက်စုကျေးရွာ၌ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့်မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ လေပြင်းဘေးကျရောက်ခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
May 06,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက တိုက်ခိုက်ခဲ့သည့် လေပြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မေ ၄ ရက်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဟားခါးခရိုင်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဟားခါးခရိုင်အတွင်း ကျပ်သန်း ၂၄၀၀၀ ကျော်ဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်
May 06,2026
၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဟားခါးခရိုင်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ချယ်ရီခန်းမ၌ကျင်းပရာ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲပြုလုပ်
May 06,2026
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ကျောင်းစုကျေးရွာ တောင်သူ ဦးဝင်းအောင်၏ လယ်မြေ ရှစ်ဧက၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကို ယမန်နေ့က ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်
May 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အစိုးရသစ်၏ရက် (၁၀၀) စီမံချက်အနေဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမှတ် (၄) ရပ်ကွက်၌ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကွင်းဆင်း၍ ဒေသခံများနှင့်တွေ့ဆုံ
May 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က ပင်သာကျေးရွာအုပ်စု၊ ပင်သာကျေးရွာ၊ အမှတ် (၁၇) အခြေခံပညာမူလတန်းကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြားလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
956
Page
957
Page
958
Page
959
Current page
960
Page
961
Page
962
Page
963
Page
964
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department