သတင်းများ

ခန္တီးမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်
May 05,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲကျင်းပ
May 05,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကလေးမြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။  
မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
May 05,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်)၊ မြတ်ပညာခန်းမတွင် ကျင်းပသည်။
ကြည့်မြင်တိုင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
May 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်မှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ကမ်းနားစျေးနှင့် လေဟာပြင်ညစျေးအတွင်းသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ နှစ်(၈ဝ)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
May 05,2026
မိတ္ထီလာမြို့၌ နှစ်(၈ဝ) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းဆောင်ရွက်
May 05,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအပါအဝင် ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းကို ယနေ့နံနက် (၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပျော်ဘွယ်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းလောင်းလှူခြင်းနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
May 05,2026
ပျော်ဘွယ်မြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အာရုဏ်ဆွမ်းလောင်းလှူခြင်းနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပခြင်းကို မေလ ၅ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က  လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း
May 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးကြိုကာလ၌ ဖြစ်ပွားလာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်းစွာရွာသွန်းခြင်းတို့ကြောင့်ပြည်သူများ ထိခိုက်မှုမဖြစ်ပွားစေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများ၊ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့်သစ်ပင်သစ်ကိုင်းများအား ယမန်နေ့ညနေပိုင်းကစတင်၍ ခုတ်ထွင်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။