သတင်းများ

မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ‌နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
May 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအ မှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
May 05,2026
ပြည်ထဲရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီက လွိုင်လင်မြို့ သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပပါသည်။
ဖြူးမြို့နယ်၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး နွားမေထုန်မဲ့သားစပ်သင်တန်းပေး
May 05,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် နွားမေထုန်မဲ့သားစပ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာစေရန်အတွက် ရည်ရွယ်၍ ဖြူးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမေထုန်မဲ့သားစပ်သင်တန်းကို မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာတွင် နွားမေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မေလ(၄)ရက်နေ့ ညနေပိုင်းက သင်တန်းပြီးမြောက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
May 05,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ မေ ၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မလှိုင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ ဖြေဆို
May 05,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ Grade-10 နှင့်Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ ဖြေဆိုခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အ.ထ.က (၃) ကျောင်းတွင် ကျောင်းဖွင့်ချိန်အတွက် ကြိုတင်ရှင်းလင်းပြင်ဆင်မှုများ ပြုလုပ်
May 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ အ.ထ.က (၃) ကျောင်းတွင် မေ ၃ ရက်နေ့က ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေလွယ်ကူစေရန်အတွက် ကြိုတင်၍ ရှင်းလင်းပြင်ဆင်မှုများပြုလုပ်ခဲ့ကြသည်။
ထားဝယ်မြို့၌ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေး
May 05,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြ သည်။
ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
May 05,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် သင်တောင်းကျေးရွာအုပ်စု၊ တောင်လွှဲကျေးရွာ၌ ဒေသနွားနှင့် နို့စားနွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်‌ဆေး ကြိုတင်ထိုးနှံခြင်းနှင့် နွားမွေးမြူသည့် တောင်သူများအား တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။