ကျောက်မဲမြို့တွင် ပါဠိပထမပြန် စာမေးပွဲကို ဇွန်လ ပထမပတ်တွင် ကိုဗစ်−၁၉ စည်းကမ်းများနှင့်အညီ ကျင်းပမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဆုပန် ကျောင်းတိုက်၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျောက်မဲမြို့နယ် သံဃာ့နာယက ဆရာတော်များ၊ ခရိုင်သာသနာဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များတက်ရောက်ပြီး ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုများဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံ

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ ယနေ့ နံနက် (၈) နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၌ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များနှင့် တောပုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွက် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးဖွင့်လှစ်ခဲ့သည့် (ပထမ)အကြိမ် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးဖွင့်လှစ်ခဲ့သည့် (ပထမ) အကြိမ် ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။

ဝန်းသိုမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက အစို ၁၂၆တင်းထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဖြစ်သော အာမခံကျေးရွာအုပ်စု ဩဂကျေးရွာ၊ ကွင်းအမှတ် (၁၂၉၈)၊ ဦ:ပိုင်အမှတ် (၂၃/၆)၊ တောင်သူ ဦးမျိုးဝင်း ၏ နွေစပါးမှော်ဘီ(၂)စိုက်ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်လယ်/စီ/အင်းအဖွဲ့ပူးပေါင်း၍ ယမန်နေ့က စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧက အစို ၁၂၆ တင်း ထွက်ရှိခဲ့ကြောင်း သိရ သည်။

အင်္ဂပူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက် ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းကို မေလ ၃ ရက်နေ့မှ စတင်ကာ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောက်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်နေပြည်သူများအနေဖြင့် မီးဘေး အန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များနှင့်တိုက်ပွဲ ရှောင်စခန်းများသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းနည်းပညာသင်တန်းများကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းနည်း ပညာသင်တန်းများကို မေလ ၁၇ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to