ကမ္ဘာလှတောင် ပါဒစက်တော်ရာ ဘုရားကို သံသရာအေးဖို့ အရေး  တစ်ခေါက်တစ်ခါ အရောက်လာ မနှေး အတူ ဖူးမြော်ကြည်ညိုစေလို

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ စက်တော်ရာ ကျေးရွာရှိ ကမ္ဘာလှတောင် ပါဒစက်တော်ရာ ဘုရားကို ဗုဒ္ဓဘာသာ၀င် မိဘပြည်သူများ ကြည်ညိုသဒ္ဒါပွားများ နိုင်စေဖို့ မိတ်ဆက် တင်ပြ လိုက်ရပါသည်။

သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွှေပေါက်ကံမြို့နယ်၊ သန်လျင်မြို့နယ်၊ ထောက်ကြန့်မြို့နယ်များအတွင်းရှိ ရပ်ကွက်နေရာအချို့၌ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင် ခြင်းကို ယနေ့ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီ အချိန်အတွင်း လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မေ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ဝက်လက်မြို့ မြို့မစည်ပင်သာယာစျေးအတွင်း မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ မြို့မ စည်ပင်သာယာ စျေးအတွင်း ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များ  မျှဝေတတ်စေရန်နှင့် စာပေမှရရှိလာသော အသိအမြင် ဗဟုသုတများကို အကျိုးရှိစွာ အသုံးချတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

မန့်ဟီးရိုးမြို့၊ နောင်မွန်းကျေးရွာ(အ.မက)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်မွန်းကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာမူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ စိုက်ပျိုးရေးနည်းပညာသင်တန်း(၁/၂၀၂၁)ဖွင့်လှစ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် "ရှမ်းရှေ့နဂါးမင်းကုမ္ပဏီ" မှ ကြီးမှူး၍ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာသင်တန်းကို မေ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပေါ်တော်မူဘုရားကျောင်းလမ်း၊ ရန်အောင်မြေရပ်ကွက် ပါလျံ(၁)တွင် အခမဲ့ပို့ချပေးလျက် ရှိကြောင်း သိရသည်။

ဘုရားသုံးဆူမြို့တွင် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်း အသိပညာပေး ဟောပြောပွဲ လုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများ မိုင်း သိပညာရရှိစေရန် ရည်ရွယ်၍ ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မေလ ၁၅ ရက် နံနက် ၈ နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်း သောက်သုံးရေများ ဖြန့်ဝေပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ ရေသန့်ဌာန၏ အစီ အစဉ်ဖြင့် မြို့နယ် ရေသန့်စက်မှ ထွက်ရှိသည့် သောက်သုံးရေများအား နွေရာသီကာလ မြို့နယ်အတွင်းရှိ ရပ်ကွက် များအလိုက် သောက် သုံးရေရရှိရန် ခက်ခဲသည့်နေရာများသို့ လိုက်လံဖြန့်ဝေ ပေးလျက် ရှိသည်။
Subscribe to