စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အား/ကာသိပ္ပံကျောင်းရှိ အမျိုးသား/ အမျိုးသမီးဆောင်တို့တွင် Positive လူနာထားရှိရန် စစ်ကိုင်းတိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းမှုဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နန္ဒဝန် အိမ်ရာစခန်းရှိ Quarantine Center ၊ စီးပွားရေးတက္ကသိုလ် Quarantine Center ၊ ဒေါနခြံရပ်ကွက်ရှိ Quarantine Center များနှင့် မုံရွာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး စားသောက်ဖွယ်ရာမျိုးစုံတို့ကို ထောက်ပံ့ပေး အပ်ခဲ့သည်။