တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ

တောင်တွင်းကြီးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နေ့လယ် (၁)နာရီက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကျန်းမာရေး၀န်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ

သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ နာရီမှ စတင်၍ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ အစည်းအဝေး ခန်းမဆောင်တွင် ကယားပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီအချိန်၌ ကျင်းပ သည်။

လဲချား၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေး အဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင် (၅) ဦးအား စိစစ်ရွေးချယ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့မကျေးရွာအုပ်စုတွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်း ပြုလုပ်ခဲ့သည်။

ကလေးဝမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရာဂါ ကာကွယ်ဆေးထိုးခြင်းအား မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ နံနက် ၁၀ နာရီက စတင်၍ ထိုးပေးခဲ့သည်။

Matchmaking Conference on China (Hubei)-Myanmar Investment Cooperation ကျင်းပ

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအကြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအခြေစိုက် တရုတ် ကုန်သည်ကြီးများအသင်း (Chinese Enterprises Chamber of Commerce in Myanmar-CECCM) မှ ကြီးမှူး၍ ဟူပေပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ကုန်သည် စက်မှုအသင်းချုပ်တို့ ပူးပေါင်းပါဝင် မှုဖြင့် “Matchmaking Conference on China (Hubei)-Myanmar Investment Cooperation” အား ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ အိမ်မွေးခွေးများအား ခွေးရူးပြန်‌ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှ စတင်ကာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည့် Four Paws International တို့ ပူးပေါင်း၍ အခမဲ့ထိုးနှံပေးခဲ့သည်။

မကွေးတိုင်းဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်း(၇၀၀)ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး COVID SHIELD စတင်ထိုးပေး

မကွေးတိုင်းဒေသကြီး မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရသည်။
Subscribe to