Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကလောမြို့နယ် ဇောတိကျေးရွာ၌ နို့စားနွားများမေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်
Jun 09,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ရက် (၁၀၀)အတွင်း နို့စားနွားမွေးမြူရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရေချိုကျေးရွာအုပ်စု၊ ဇောတိကျေးရွာတွင် မေထုန်မဲ့သားစပ်လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့၌ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(မွန်းမံ) သင်တန်းဖွင့်ပွဲကျင်းပ
Jun 09,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(မွန်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်း အောင်မြင်စွာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူများအား အထူးကုဘာသာရပ်များတိုးချဲ့ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ဇွန်၅ရက်မှ စတင်၍ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်း အောင်မြင်စွာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများဆက်လက် ထုတ်ချေး
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကိုမေ ၁၅ ရက်မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ဇွန် ၈ ရက် နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဖွင့်ပွဲကျင်းပ
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၉ နာရီခွဲက မကျီးပင်ပုကျေးရွာတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Jun 08,2026
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိ စေရေး၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များအား ဌာနနှင့် တောင်သူများပူးပေါင်း၍ မျိုးစေ့ထုတ်စိုက်ခင်းများပြုလုပ်နိုင်ရေးနှင့် မိုးစပါးစံပြကွက်များ စိုက်ပျိုးဆောင်ရွက်နိုင်ရေး တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၆ ရက် နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် အဘိတ် ဆေးခပ်ခြင်းများဆောင်ရွက်
Jun 08,2026
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊စစ် ဆောင်ရွက်ခြင်းနှင့်ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်တရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာအရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်
Jun 08,2026
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆ခုနှစ်)နှင့်အညီ တရားစီရင်းရေးနှင့်ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ အရည်အသွေးများကောင်းမွန်လာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်တရားလွှတ်တော် တရားရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၈ နာရီက ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
130
Page
131
Page
132
Page
133
Current page
134
Page
135
Page
136
Page
137
Page
138
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department