Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေးဒရဲမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေး တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (၂၀၂၆-၂၀၂၇)ခုနှစ် မိုးစပါးရာသီ စိုက်ဧရိယာပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် လိုအပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဂွကလေးကျေးရွာ အုပ်စု၊ ရှမ်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေး၊ အ-ထ-က(ခွဲ)(၁၄)၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
Jun 04,2026
မန္တလေး၊ အောင်မြေသာစံမြို့နယ်၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ရွှေပြည့်သျှံခန်းမ၌ ဆောင်ရွက်ပေးရာ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးထွန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးအား ကွင်းဆင်းဆောင်ရွက်ပေးရာ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်း၊ ခရိုင်ပညာရေးမှူး ဦးသိန်းတန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမို့မို့နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပးကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 04,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (၁၃၈/၇) မိုင်အနီး၊ ဗောဓိကုန်း-ချင်းကုန်းကုန်ထုတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကျင်းပ
Jun 04,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်တွင် ကျရောက်မည့် (၅၃)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက တက္ကသိုလ်စာသင်ဆောင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ (ဒုတိယ) အကြိမ် ကလေးပန်းချီပြပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ (၁၁) လမ်းရှိ YCBA ခန်းမ၌ ဇွန် ၃ ရက် နံနက်ပိုင်းက (ဒုတိယ)အကြိမ် ကလေးပန်းချီပြပွဲ (မြန်မာ့အလှပန်းချီပြပွဲ) အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလတ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်အတွင်း လယ်ယာမြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) (၁၂၁၃၁၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးဇူးရှင်တောင်သူဦးကြီးများ၏ လယ်ယာမြေများတွင် မိုးစပါးအထွက်နှုန်းကောင်းမွန်ရန်နှင့် အခြားအကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း၌ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူများနှင့်ကျောင်းသားကျောင်းသူများအာ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ဇွန်လ ၃ ရက်နေ့ နေ့လည် ၁ နာရီက ဟင်္သာတမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ရှိ ဟင်္သာ ခန်းမကြီးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 04,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာရေးသိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သရက်တပင်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
203
Page
204
Page
205
Page
206
Current page
207
Page
208
Page
209
Page
210
Page
211
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department