Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လမြိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်း…
Jun 04,2026
မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်(၂၉)ကြိမ်မြောက် ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးခြင်းအခမ်းအနား ကံမြင့်ကျေးရွာတွင်ကျင်းပ
Jun 03,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာအုပ်စု ကံမြင့်ကျေးရွာအား ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးခြင်း အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၂ နာရီက ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည် ။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လူရည်ချွန်ကျောင်းသူဂုဏ်ပြုချီးမြှင့်ခြင်းနှင့် သုံးမွှာပူးမွေး ကျောင်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
Jun 03,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် လူရည်ချွန်ကျောင်းသူဂုဏ်ပြုပွဲနှင့် သုံးမွှာပူးကျောင်းသူများအား အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက (၇၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့်စာအုပ် လှူဒါန်းပွဲ ကျင်းပ
Jun 03,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ် မိုင်းဖြတ်မြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပျိုးထောင်သစ်ပင်များကြည့်ရှုစစ်ဆေး…
Jun 03,2026
ရှမ်းပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်သည် ဇွန်လ ၂ရက်၊ မွန်းလွှဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့သို့ရောက်ရှိပြီး မြို့နယ်သစ်တောဦးစီးဌာနရှိ ပျိုးထောင်သစ်ပင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံ ကျိုင်းတုံမြို့၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးက မြို့နယ်သစ်တောဦးစီးဌာနအတွင်း မြို့မ (ယာယီ)ပျိုးဥယျာဉ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ အပတ်စဉ်(၆) သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/ သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကျင်းပ
Jun 03,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း၊ တောင်ကြီးမြို့၌ အပတ်စဉ်(၆) သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/ သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ သားဖွားသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်မှ ပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက် ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jun 03,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂)ရက်နေ့ မနက်ပိုင်းက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ဖိုးစိန် ဆီဆိုင်မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Jun 03,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းက နားသံကျေးရွာအုပ်စု၊ နားမွန်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
222
Page
223
Page
224
Page
225
Current page
226
Page
227
Page
228
Page
229
Page
230
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department