Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြဝတီမြို့ အမှတ် (၁) ရပ်ကွက်တွင် အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ်
May 20,2021
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် အသက်(၈၅)နှစ်နှင့် အထက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၁ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီး အထွက်နှုန်းကောင်း
May 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းပြီး အသီးအထွက်နှုန်း ကောင်းသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ပဲတီစိမ်း စိုက်ပျိုးသူများထံမှ သိရှိရပြီး ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများကို ဆည်ရေပေးကာ စီမံကိန်း သီးနှံအဖြစ် စိုက်ပျိုးသော်လည်း အချို့တောင်သူများသည် ကိုယ်ပိုင်အဝီစိတွင်းတူးကာ မြေအောက် ရေဖြင့် စိုက်ပျိုးသောကြောင့် လျာထား ဧကထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်ခရိုင်ရုံး Community Centre တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
May 20,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် စာရေးဆရာဖေမြင့် ရေးသားသည့် "အပြောင်မြောက် ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်တွင် ညောင်ပင်ကိုင်းကျိုးကျ၍ လူနေအိမ်(၃)လုံးပျက်စီး
May 20,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာတွင် မေလ ၁၉ ရက် ည ၁၀ နာရီခွဲ အချိန်က နှစ်ရှည်ညောင်ပင်ကိုင်း ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်နေသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
May 20,2021
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်နေ သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲပိုင်းက ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်နှင့် အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးရန် ဆောင်ရွက်လျက်ရှိ
May 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားပြည်သူ များအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို မေလပထမပတ် မှစတင်၍ မြို့နယ်လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် တက္ကသိုလ်ဝင်လမ်းညွှန်များ ထုတ်ပေး
May 20,2021
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ဝင်လမ်းညွှန်နှင့် အမှတ်စာရင်းများကို ရန်ကင်းမြို့နယ် အထက(၁)၊ အထက(၂)၊ အလက(၂) အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်
May 20,2021
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲ အချိန်က စာပေမှရရှိသော အသိအမြင် ဗဟုသုတ များကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန်၊ စာဖတ်သူအချင်းချင်း အသိပညာများမျှ ဝေတတ်စေရန်၊ စာဖတ်ရှိန် မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ် ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25183
Page
25184
Page
25185
Page
25186
Current page
25187
Page
25188
Page
25189
Page
25190
Page
25191
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department