Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ ပန်းလိုချင် အပင်ကို ပျိုးတတ်မှ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်း
May 19,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 19,2021
ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံရာ မဝတလမ်းဆုံရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရုံးတွင် ဖွင့်လှစ် ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တ ယာယီ ပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ် -၁၉ စည်းကမ်း များနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၀၉း၃၀ နာရီမှ ညနေ၄း၃၀ နာရီ အထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း ၃၁ ကျောင်းတွင် မေ ၂၄ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်
May 19,2021
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀-၂၀၂၁ပညာသင်နှစ်တွင် စာသင်ကြားမှုများ ယာယီ ရပ်ဆိုင်း ထားရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား Social Distancing နှင့်အညီ ဖွင့်လှစ် နိုင်ရေး အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်ပညာရေးဌာနှင့် ဌာန ဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းများကို ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့၌ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံပွဲ ကျင…
May 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ ကျောင်းမဖွင့်မီ ကြိုတင်ပြင်ဆင်ထားရှိမှုတွေ့ဆုံမေးမြန်းခြင်း
May 19,2021
၂၀၂၁-၂၀၂၂ပညာသင်နှစ်အေခြခံပညာကျောင်းများကိုဇွန်လ(၁)ရက်နေ့ဖွင့်လှစ်မည်ဖြစ်၍ကျွန်းလှမြို့နယ်ပညာရေးမှူးဦးမြင့်လွင်အားသွားရောက်တွေ့ဆုံပြီးစာသင်ကျောင်းများကြိုတင်ပြင်ဆင်ထားရှိမှုတွေ့ဆုံမြန်းခြင်းအစီအစဉ်ဖြစ်ပါ တယ်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်
May 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တပိတ်ထားခဲ့ပြီး ယခုအခါ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန်အတွက် ပြည်သူ့စာကြည့်တိုက်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများ ကပ်ထားဆောင်ရွက်
May 19,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့် လှစ် သွားမည်ဖြစ်ရာ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထက်၊ လယ်၊ မူ ကျောင်းများတွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား မိဘများ သိရှိနိုင်ရန် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ စနစ်ကျသော စက်မှုဇုန်များ ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
May 19,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက စနစ်ကျသော စက်မှုဇုန်များ ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25191
Page
25192
Page
25193
Page
25194
Current page
25195
Page
25196
Page
25197
Page
25198
Page
25199
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department