Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနား၊ မဒိန်၊ နောင်တာလော ကျေးရွာအုပ်စုများမှ ပြည်သူများနှင့်တွေ့ဆုံ
May 19,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနား၊ မဒိန်၊ နောင်တာလော ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများနှင့် မိုင်းနားကျေးရွာ၊ ဒူဝါလဝမ်လီအောက်မေ့ ဖွယ်ခန်းမ၌ တွေ့ဆုံပြီး ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် ဈေးချိုကျေးရွာအုပ်စု ကွမ်းသီးတန်းရပ် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကွင်းဆင်း စစ်ဆေး
May 19,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဈေးချိုကျေးရွာအုပ်စု ကွန်းသီးတန်းရပ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုင်ငံတော် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော (VDP ) ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ယနေ့နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိ
May 19,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်နှင့် အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် (၁၀) နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ် စာစောင်များ ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် သပြေကန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း
May 19,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သောက်သုံးရေရှားပါးလျက်ရှိသည့် တောင်ဇင်းအုပ်စု သပြေကန်တဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က အလှူရှင်များကိုယ်စား အေးမေတ္တာရေ အလှူတော်အသင်းမှသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်အတွင်းရှိ သမိုင်း၀င်သဘာ၀ရသေ့ပျံဂူသို့ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ လည်ပတ်နိုင်
May 19,2021
ကရင်ပြည်နယ်အတွင်းသာမက ဘားအံမြို့နယ်တွင် ထူးခြားထင်ရှားသည့် သဘာ၀ရှေးဟောင်း ဂူဘုရားများရှိသည့်အနက် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်မှုရှိသော ဘားအံမြို့အနောက်ဘက်ကမ်း၊ သံလွင်တံတားထိပ်၊ ဖားကပ်ကျေးရွာ လမ်းခွဲမှတစ်ဆင့် သွားနိုင်သော ရှေးမွန်ဘုရင် မနုဟာမင်းကိုးကွယ်ခဲ့သည့် လောကီပညာရပ်ဈာန်ဖြင့် ပျံနိုင်ပြီး ဆရာရသေ့တစ်ပါးမှ စတင်ခဲ့ရာမှ ရသေ့ပျံဂူဟု အမည်တွင်ခဲ့သည့် သမိုင်းဝင်ဂူဟာသည် ဂူတစ်လျှောက် လေ၀င်လေထွက် ကောင်းပြီး ၀င်ထွက်သွားလာနိုင်လေသည်။ အဆိုပါဂူသည် ကိုဗစ်ကာလတွင် ယာယီပိတ်ထားခဲ့ပြီး ယခုအခါ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်၀င်ရောက် လည်ပတ်နိုင်ပြီဖြစ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
May 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယနေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အမှတ် ၈ ရပ်ကွက် အောင်ဆန်းလမ်းမတစ်လျှေက်နှင့် မြေနိမ့်ပိုင်းလမ်းမများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး နေအိမ်တစ်ချို့ ရေဝင်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
May 19,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုနှုန်း လျှော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း(Mask) မတပ်ဘဲ လမ်းသွားလမ်းလာပြည်သူများကို မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ ယနေ့နံနက်ပိုင်းက ဆက်လက်ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ရပ်ကွက်နေရာအချို့၌ ယနေ့ဓာတ်အားယာယီ ပြတ်တောက်နိုင်
May 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း ဓာတ်အားပေးထားသော 33 kV ပဲခူးမြစ် ကျော် ဒဂုံဆိပ်ကမ်းဖီဒါ ဓာတ်အားလိုင်းကြိုးအား S.A.C ဓာတ်အားလိုင်းဖြင့်လဲလှယ် တည်ဆောက်ခြင်း လုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီမှ နေလယ် (၂) နာရီအတွင်း လုပ်ငန်းဆောင်ရွက်သွား မည်ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပရေးရှင်းက မေ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25196
Page
25197
Page
25198
Page
25199
Current page
25200
Page
25201
Page
25202
Page
25203
Page
25204
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department