Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၁၃၈၃ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်
Apr 18,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက် ၇ နာရီက မုံရွာမြို့ကန်သာယာကန် ရွှေလိမ္မော်ကျွန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှကြီးမှူးပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ကျင်းပ ပြုလုပ်သည့် ၁၃၈၃ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကန်သာယာကန်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ (၂၅၀၀၀)ကောင်နှင့် ထိုင်းငါးခုံးမ အကောင်ရေ(၂၅၀၀၀) ကောင် စုစုပေါင်း ငါးအကောင်ရေ (၅၀၀၀၀)ကို လွှတ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်
Apr 18,2021
လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့ ကောင်းမှုတော်မြတ်စွာဘုရားကြီးတွင် လာရောက် ဘုရားဖူးပြည်သူ များပြား
Apr 17,2021
မြန်မာနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်သည့် ဧပြီ(၁၇)ရက်နေ့တွင် စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်မြတ်စွာဘုရား စေတီတော်မြတ်ကြီးတွင် ဒေသခံပြည်သူ များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ အပန်းဖြေအနားယူသူများဖြင့် များပြား လျှက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်သစ်ကူးအခါသမတွင်(၄၃)ကြိမ်မြောက် သက်ကြီးဘိုးဘွား(၁၁၈)ဦး အား ပူဇော် ကန်တော့ပွဲ ကျင်းပပြုလုပ်
Apr 17,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်သစ်ကူးအခါသမတွင်(၄၃)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ပွဲကို ဧပြီ ၁၇ ရက်နေ့ နံနက် ၉ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ဖြင့် လွှတ်ငြိမ်းချမ်း သာခွင့်အကျဉ်းသား/အကျဉ်းသူ ၆၀၄ ဦး လွှတ်ပေး
Apr 17,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဥ်းထောင်မှ နိုင်ငံတော်လွှတ်ငြိမ်းချမ်း သာခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ လွှတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦး စီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့ ဗုဒ္ဓ၊ဓမ္မ၊သံဃ ဝေယျာဝစ္စအသင်း၏ (၉၄)ကြိမ်မြောက်မြို့ပတ်ဆွမ်းကြီးခံပွဲတော်နှင့် အန္တရာယ်ကင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲကျင်းပ
Apr 17,2021
မြန်မာနှစ်သစ်ကူး(နှစ်ဆန်းတစ်ရက်)နေ့ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့ ဗုဒ္ဓ၊ဓမ္မ၊သံဃ ဝေယျာဝစ္စအသင်း၏ (၉၄)ကြိမ်မြောက်မြို့ပတ်ဆွမ်းကြီးခံပွဲတော်နှင့် အန္တရာယ် ကင်းပရိတ်ရွက်ဖက်ပူဇော်ပွဲကို ဧပြီလ၁၇ရက်နေ့နံနက်ပိုင်းက ပြုလုပ်ကျင်း ပရာ မြို့ပေါ်၆ရပ်ကွက်မှဒေသခံပြည်သူများက ဆရာတော်ကြီးများနှင့်သံဃာတော်အပါး (၅၀၀)ကျော်ကို ဆွမ်းဆန် တော်မြတ်နှင့်လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အကျဉ်းထောင်နှင့်အကျဉ်းစခန်းများမှ အကျဉ်း သား/သူ ၆၆၀ ဦး လွှတ်ငြိမ်းသက်သာခွင့်ရရှိ
Apr 17,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အကျဉ်းထောင်နှင့်အကျဉ်းစခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ ၆၆၀ ဦးအား ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများ ကျင်းပ
Apr 17,2021
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်မပျက် ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားမြို့၌ ယမန်နေ့(၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25270
Page
25271
Page
25272
Page
25273
Current page
25274
Page
25275
Page
25276
Page
25277
Page
25278
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department