အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်  နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ  အခြေခံပညာကျောင်းများ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာ၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှူး၊ ပညာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းချောင်းကျေးရွာတွင် ကျင်းပသည်။
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်၍ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2026
တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊   ကရသူရိမြို့၊   အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာများကို ဇွန်လ ၁ရက် နံနက် ၉ နာရီမှစ၍ ဆရာ/ဆရာမများက အတန်းလိုက် စတင် ပို့ချ/ သင်ကြား ပေးလျက်ရှိသည်။
Jun 02,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းစေရန်အတွက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
Jun 02,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအား ယနေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြသည်။
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်ပြီးဖြစ်သောကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ စည်ကားများပြား ပျော်ရွှင်စွာ ကျောင်းသို့လာရောက်လျက်ရှိသည်။