Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးဆွေးနွေး
Jan 14,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဉတ္တရသီရိမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဉတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း အသိပညာပေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်
Jan 14,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိပြီး ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးဘေးလုံခြုံမှု ရှိစေရန် အတွက် ယနေ့ နံနက် (၉)နာရီ က ချောင်းဆုံမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးအောင်မိုးမြတ်နှင့် မုပွန်မီးသတ် နယ်မြေစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကောင်းထက်တို့ ဦးဆောင် မီးသတ်တပ်ဖွဲ့ဝင်များက ကုလားတို့ကျေးရွာနှင့် ကလွီကျေးရွာတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၊ မန့်ဝိန်းဂိတ်အား ဆက်လက်အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်များ (အလွတ်သဘော) ထပ်မံဆွေးနွေးမည်
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)ကို (၂၄)နာရီ ဆက်လက်ဖွင့်လှစ်နိုင်ရန် (သို့မဟုတ်) မြန်မာစံတော်ချိန် ည(၁၂)နာရီအချိန်ထိ ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံ၊ မူဆယ်မြို့၊ နယ်စပ်ဒေသအာဏာပိုင်၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် က တရုတ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်များထံသို့ (တရားဝင်) တောင်းဆိုထားကြောင်း မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း အစီအစဉ်ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ
Jan 14,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း အစီအစဉ်ဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၁၁ နာရီခန့်တွင် ကျွန်းတော်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်၌ စည်ပင်သာယာ မြို့မစျေးနှင့် လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ပြန်လည် ဖွင့်လှစ်
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် လိုအပ်ချက်အရ ပိတ်ထားသည့် စည်ပင်သာယာ မြို့မစျေးနှင့် လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အိမ်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည် ဖွင့်လှစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ခဲ့သော ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များကို ဂုဏ်ပြု…
Jan 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြိုနယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များကို အလှူရှင်များ ကိုယ်စားဂုဏ်ပြု လက်ဆောင်ပေးအပ်သည့် အခမ်းအနားအား ယနေ့နံနက်၉နာရီက မင်္ဂလာဒုံမြို့နယ်ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလက(ခွဲ)၀င်းကမော့ကျောင်းတွင် steel structure (၁၂၀ပေ၊ ၃၀ပေ)(၁)ထပ်ကျောင်းဆောင်သစ် တည်ဆောက်ခြင်း(၃၅) ရာခိုင်နှုန်းပြီးစီး
Jan 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ၀င်းကမော့ကျေးရွာ အလက(ခွဲ) ၀င်းကမော့ကျောင်းတွင် အန္တရာယ် ဆောင်ဖျက်သိမ်း၍ (၁၂၀'×၃၀') steel structure (၁)ထပ်ကျောင်းဆောင် သစ်တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၂၀) ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ(၃၅)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့၊ ထမင်းပေါင်းကျေးရွာတွင် စုပေါင်းသန့်ရှင်းသာယာလှပရေးဆောင်ရွက်
Jan 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ ထမင်းပေါင်းကျေးရွာအတွင်းရှိ လမ်းသန့်ရှင်း သာယာ လှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ကျေးရွာနေ ပြည်သူများက ယနေ့ နံနက်၁ဝ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27756
Page
27757
Page
27758
Page
27759
Current page
27760
Page
27761
Page
27762
Page
27763
Page
27764
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department