Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်
Oct 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကျင်းပ
Oct 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်း ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 21,2020
နမ္မတူမြို့နယ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို (HPV)ရောဂါပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ နားနေဆောင် ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့တွင် အမျိုးသမီးငယ်များအား(HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်
Oct 21,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ရှိ အမျိုးသမီးငယ်များအား (HPV) သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် စတင်ထိုးနှံခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက သပိတ်ကျင်းမြို့၊ ကမ္ဘာအေးမြို့ကွက်သစ် မြို့နယ်ခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်တွင် (CERP) အစီအစဉ်ဖြင့် စိုက်ပျိူးထားသည့် မိုးစပါးမျိုးစေ့ထုတ် စပါးကွက်များ စတင်ရိတ်သိမ်း
Oct 21,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ် ဧက(၃၄၀)စိုက်ပျိုးခဲ့ရာ ယနေ့တွင် အဆိုပါ မိုးစပါးမျိုးစေ့ထုတ် ဧကများအား စတင်ရိတ်သိမ်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး သီးသန့်အရေးပေါ် လူနာတင်ကား ဝယ်ယူနိုင်ရန် မတည်အလှူငွေများ ပေးအပ်လှူဒါန်း
Oct 21,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက် မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရေး အရေးပေါ်လူနာတင် ယဉ်ကားလိုအပ်လျက်ရှိရာ ဝယ်ယူနိုင်ရန်အတွက် အလှူရှင်များက မတည်အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချမည်
Oct 21,2020
၂၀၂၀ ပြည်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် ရွှေဆံတော် ရပ်ကွက်ရှိ အ.မ.က(မူလွန်)နှင့် ရန်ကြီးအောင်ကျေးရွာရှိ အ.ထ.က(ခွဲ) တပ်မတော်ကျောင်းတို့တွင် (၂)ရက်ကြာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၌ အမျိုးသမီးငယ်များအား ပထမအကြိမ် (HPV) ကာကွယ်ဆေးထိုး
Oct 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ဆောင်းဖိုးကျေးရွာ၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး ပထမအကြိမ် စတင်ထည့်သွင်းထိုးနှံခြင်းကို ဆောင်းဖိုး ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက် (၁၀)နာရီခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28668
Page
28669
Page
28670
Page
28671
Current page
28672
Page
28673
Page
28674
Page
28675
Page
28676
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department