အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၁၀) နှစ်အောက် ကလေးများအား နို့အေးဘူးများ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်၈နာရီခွဲက ပရဟိတကျောင်း (၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ကျောင်း(၁) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
မူဆယ်မြို့၌ ရဲတပ်ဖွဲ့ဝင်(၁)ဦးနှင့် ယာဉ်မောင်း(၁)ဦးထံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိပြီး မူဆယ်မြို့၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသူ စုစုပေါင်း(၁၁)ဦး ရှိလာပြီဖြစ်ကြောင်း မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
Oct 13,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်အမည်စာရင်းများကို သတ်မှတ် ပုံစံအတိုင်း အောက်တိုဘာလ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြို့နယ် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု
Oct 13,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိကိုဗစ်ကာလလက်လုပ်လက်စား အခြေခံပြည်သူများ စားဝတ်နေရေး အခက်အခဲများ  ဖြစ်ပေါ်လျက်ရှိရာ အလှူရှင်များ၊ အသင်း အဖွဲ့များက မိမိတို့တတ်နိုင်သည့် ဘက်ကမီးဖိုချောင်သုံးပစ္စည်းများကိုထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Oct 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကားအတွက် တာယာ(၂)လုံးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရ သည်။
Oct 13,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ  မြို့နယ်ဦးစီးမှူး ဦးသိန်းကျော်နှင့်အဖွဲ့သည် အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းက ညောင်ပင်သာ ကျေးရွာအုပ်စု၊ ကျွဲနွယ်ဂုတ်မြစိမ်းရောင်ကျေးရွာသို့သွားရောက်ကာ
Oct 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းအား အမှတ်(၆)ရပ်ကွက်၊သာသာနာ့ ဗိမာန်တော်ကြီးတွင် သင်တန်းတက်ရောက်နေသော အထူးရဲသင်တန်းသား (၁၂၃)ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုး (၇၂)ဦး တွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးလွင်ထံမှ သိရသည်။