အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မိုင်းရှူးမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်နှင့် လမ်းဆုံလမ်းခွ နေရာများတွင် (Mask) တပ်ဆင်လာခြင်း မရှိသူများအား စည်းကမ်းလိုက်နာမှုရှိစေရန် ဒဏ်ငွေပေးဆောင်စေခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၁၁၉)ဦးအား ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်ခန့်က အဆိုပါသင်တန်း‌ဖွင့်ရာ စာသင်ကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ အသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ ညနေ ၃ နာရီက သင်တန်းနေရာ အထက တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အုပ်စု(၉)တွင် မီးဖို၏ မီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သော မီးဘေးသင့်မိသားစုအား မြို့နယ် အရန် မီးသတ်တပ်ရင်းမှ ဆန်နှင့်စားသောက်ဖွယ်ရာများအား ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တစ်ဖက်ကမ်း၊ အမှတ် ၉ ရပ်ကွက်၊ မီနီမာလကာစက်ဝင်းနေ လက်လုပ်လက်စားပြည်သူများကို နေအိမ်များတွင် နေထိုင်ရေးကာလအတွင်း ပုသိမ်မြို့၊ ပုသိမ်လူမှုညီအကိုများ အဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံစားသောက်ကုန်များကို အိမ်အရောက် လိုက်လံထောက်ပံပေးခဲ့ကြောင်း သိရသည်။
Oct 13,2020
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက အရာတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ မြို့နယ် အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်‌ရေး ကော်မတီဝင် များနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်ချုပ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
Oct 13,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပြည်သူများအား ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အချက်အလက်များအား သိရှိစေရန် မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ် စာစောင်ပြသခြင်းဆောင်ရွက်ခဲ့သည်။
Oct 13,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ အောက်တိုဘာလ (၁၁)ရက်နေ့က(၆)ဉီး နှင့် ယမန်နေ့ ညနေ(၆) နာရီ အချိန်က(၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၂)ဉီး ထပ်မံ ဝင်ရောက်လာခဲ့သည်။