အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လမ်းဆုံများတွင် ညစဉ် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
Oct 07,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်းကစတင်ကာ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီး ကျေးရွာများတွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာရှိ ဒေသခံ ပြည်သူများ ထံမှ သိရသည်။
Oct 07,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အတွင်း၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယ(နောက်ဆုံး) အကြိမ်မြောက် ကပ်ထား ကြေညာမှုအရ ကာမိုင်းမြို့အတွင်းရှိ မြို့ပေါ်တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စုတို့တွင် မဲရုံပေါင်း ၈ ရုံဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၈၉၆ ဦး ရှိကြောင်း သိရသည်။
Oct 07,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း(စတုတ္ထ)အကြိမ်၊ ချေးငွေအိမ်တိုင်ရာရောက် သွားရောက်ထုတ်ချေးပေးခြင်းအား ယမန်နေ့ က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
Oct 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မပြတ် နေ့စဉ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ညပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်သူများမဖြစ်မနေလိုက်နာဆောင်ရွက်ရမည့်အချက်များ အား အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လိုက်လံ အသိပေး ကြေညာပေးလျက်ရှိကြောင်း သိရသည်။
Oct 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေး ဝန်ထမ်း(၇၆)ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 07,2020
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV.ASL GRACE သင်္ဘောပေါ်မှ သင်္ဘောသား (၂၁) ဦး၊ မာအိုတီးယက်နိုင်ငံမှ လာရောက်သည့် M.V LOTUS သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး ၊မလေးရှားနိုင်ငံမှလာရောက်သည့် MV. UNISON SPARK သင်္ဘောပေါ်မှ သင်္ဘောသား (၁၀) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MV. KOTA ARIF သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘော သား (၄၉) ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက်ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 07,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့မှ ဝန်ထမ်းများနှင့် အမှုဆောင်များအား ကိုဗစ်-၁၉ကာလအတွင်း အခြေခံစားသောက်ကုန် ဒုတိယအကြိမ် ထောက်ပံ့ ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် သမဝါယမအသင်းစု အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။