အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မရဲစခန်းနှင့် မန့်ဟီးရိုးနယ်မြေရဲစခန်းတို့က သိမ်းဆည်းရမိပြီး တရားစွဲတင်ထားသော အမှု(၅)မှုတို့မှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ထိန်းချုပ်ဓာတုပစ္စည်း အမျိုးအစား(၅)မျိုးကို ယနေ့ နံနက်(၇)နာရီ အချိန်ခန့်က မူဆယ်မြို့နယ်၊ တုန်ခန်-ကျင်စန်းကျော့သွားရာလမ်းရှိ ဟိုနောင်ကျေးရွာ၊ အနောက်ကြောတောင်ကြား၌ မြေမြှုပ် ဖျက်ဆီးခဲ့သည်။
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့မှ အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်းမရှိစေရေး အသိပေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 06,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကြို တင်ကာကွယ်တာဆီးနိုင်ရေး၊ ပြည်သူများ နှာခေါင်းစည်း တပ်ဆင်အသုံးပြုကြရေး အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ Mask Campagin ပြုလုပ်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့အဝင်လမ်းဆုံနှင့် မြို့မစျေးအနီးတို့တွင် ဆောင်ရွက်ခဲ့သည်။
Oct 06,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းတွင် Faciliy Quarantine ဝင်ရောက်နေသူများကို ကိုဗစ်−၁၉ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ်နမူနာများ ရယူခြင်းကိုယနေ့ နံနက် (၇)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၀ နှစ်မှ ၈၅နှစ်ကြား ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီ ခန့်က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ထောက့်ပံ့ ပေးအပ်ခဲ့ ကြောင်းသိရသည်။
Oct 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ စ၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားရှိရာ အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှတာဝန်ရှိသူများက အောက်တိုဘာ ၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
Oct 06,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများအား Mask ခုရေ (၁၀၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Oct 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အခြေခံ မဲဆန္ဒရှင်စာရင်းများကို အင်တောမြို့ပေါ် (၆)ရပ်ကွက် နှင့် နန်းကောင်းမူကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)အဖြစ် ကပ်ထား ကြေညာထားမှုကို ယနေ့ နံနက် ၁၁ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။