Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကွမ်းလုံမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ
Oct 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့ နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်သွင်းလျက်ရှိသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကုန်တင်ယာဉ်များ သွားလာမှုနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက် (Standard Operating Procedure - SOP) အရ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့် ယမန်နေ့ နံနက်(၆)နာရီအချိန်ခန့်က စတင်စစ်ဆေးခဲ့ရာ ကုန်တင်ယာဉ်(၁၆၀)စီးမှ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၃၂၀)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ကွမ်းလုံမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ positive တစ်ဦး တွေ့ရှိပြီး ထိတွေ့သူများအား Facility Quarantine ဝင်ရောက်နိုင်ရေးဆောင်ရွက်
Oct 06,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျုံမငေးမြို့နယ်ပြန် Facility Quarantine ထားရှိသူ ငါးဦးအနက် အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှစစ်ဆေးထားရှိသော swab အဖြေ မှ positive ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ positive လူနာအားမော်လမြိုင်ကျွန်းမြို့နယ်ဆေးရုံ Isolation Room တွင်ထားရှိလျက်အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ လူနာသည်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်မြို့မဈေးကြီးအတွင်း ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် စည်းကမ်း တကျရောင်းဝယ်ကြရန်ကြပ်မတ်စစ်ဆေးခြင်းနှင့်(mask campaign)ဆောင်ရွ…
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်မြို့မဈေးကြီး အတွင်းကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အတွကအသိပညာပေးခြင်း၊ ဈေးရောင်းချသူ၊ ဈေးဝယ်သူများ စည်းကမ်းတကျ ရောင်းဝယ်ကြစေရန်ကြပ်မတ် စစ်ဆေးခြင်းနှင့်(mask campaign)ဆောင်ရွက်မှုကို ယမန်နေ့မနက်ပိုင်းကတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများလူမှုကူညီရေးအဖွဲ့ဝင် များပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့မှ ကိုဗစ် - ၁၉ ရိုက်ခတ်နေသော လူမှုဘဝများ
Oct 06,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထုများ ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကိစ္စရပ်တစ်ချို့တွင် ကန့်သတ်ထိန်းချုပ်မှုများရှိနေသည့်အတွက် ဒေသနေပြည်သူအချို့၏ ကိုဗစ် - ၁၉ ရိုက်ခတ်သော လူမှုဘဝစကားသံ များကို တွေ့ဆုံမေးမြန်း၍ စုစည်းရေးသားဖော်ပြလိုက်ရပါသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်ရှိ သာသနာ့ဗိမာန်အား ယာယီဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး အလှူငွေများပေးအပ်လှူဒါန်း
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ပိုမိုများပြားလာပါက အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် ဆက်လက်ဆေးကုသမှု ပေးနိုင်ရန် ရည်ရွယ်၍ သာသနာ့ဗိမာန်အား ယာယီဆေးရုံအဖြစ် ပြင်ဆင်ဆောင်ရွက် နိုင်ရေးအတွက် အလှူငွေများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး မဏ္ဍပ်သို့ ယမန်နေ့ နံနက် ၈ နာရီမှ စ၍ စေတနာရှင်၊ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာမှုအား တာဝန်ရှိ သူများမှ ကြည့်ရှုစစ်ဆေး
Oct 06,2020
၂၀၂၀ ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံ မဲဆန္ဒရှင် စာရင်းများကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်၊မြို့များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကပ်ထား ကြေငြာ လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာ ပင်ခရိုင်၊ ကနီမြို့ရှိ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂ ) ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတို့တွင်လည်း အောက်တိုဘာလ ၁ ရက်နေ့က အခြေခံမဲ ဆန္ဒရှင် စာရင်းများ ကပ်ထား ကြေငြာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၇၀)နှစ်နှင့်အထက် (အငြိမ်းစား)ဆရာ၊ ဆရာမ ကြီးများအား ပူဇော်ကန်တော့
Oct 06,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ယမန်နေ့ တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက် (၇၀)နှစ်နှင့် အထက်(အငြိမ်းစား) ပညာရေးဝန်ထမ်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့က မြို့နယ်ပညာရေး မိသား စုများ စုပေါင်းပြီးအိမ်တိုင်ရာရောက်သွားရောက် ပူဇော် ငွေများ လှူဒါန်းကန်တော့ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းခရိုင် ဝန်းသိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကွင်းဆင်း စစ်ဆေး
Oct 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှမြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ကဂျိုးတောင်ကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ကျောက်ပါးစပ် ကျေးရွာ စသည့် ကျေးရွာများသို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင် ရန်အတွက် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29027
Page
29028
Page
29029
Page
29030
Current page
29031
Page
29032
Page
29033
Page
29034
Page
29035
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department