Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်
Oct 05,2020
ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စစ်ကိုင်း တိုင်းဒေသကြီး Coronavirus Disease 2019 (COVID- 19) အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ PPE ဝတ်စုံ(၅၀)၊ N-95 Mask(၅၀)၊ မျက်မှန်(၅၀)စုံ၊ လက်အိတ်(၅၀)စုံနှင့် နှာခေါင်းစည်း mask အခုရေ( ၇၀၀၀ )တို့ကို ထောက်ပံ့ပေးခဲ့ရာ အဆိုပါစ္စည်းများအား တာဝန်ရှိသူများထံသို့ ပြန်လည်ခွဲဝေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ စီပွားရေးကုစားမှု အစီအစဉ် (Cash For Work )ဖြင့် ကနီမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြ…
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်အတွင်းရှိ ရွာများ၌ Cash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင် ကိုဗစ်−၁၉ကူးစက်ရောဂါ ပြန့်နှံ့မှုမရှိစေရေးအသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းများဆောင်ရွက်
Oct 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင်ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ယနေ့နံနက်(၇)နာရီက မြို့မစျေးအတွင်းလိုက်လံအသိ ပညာပေးခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ကျန်းမာရေးကောင်းမွန်၍ဆေးရုံကဆင်း
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသော ကျီကုန်းကျေးရွာမှ ကိုဗစ်၁၉ ပထမဆုံး အတည်ပြုလူနာ ကျန်းမာရေးကောင်းမွန်၍ ယနေ့နံနက်(၁၀) နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိ မြို့မီးလင်းရေးကော်မတီမှ လမ်းဘေးမီးများတပ်ဆင်ဆောင်ရွက်
Oct 05,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ မီးလင်းရေးကော်မတီမှ ဦးဆောင်၍ မြို့တွင်းရှိ လမ်းဘေးဓာတ်မီးတိုင်များတွင် ပြည်သူများ ညဘက်သွားလာရလွယ်ကူစေရန် မာကျူရီမီးလုံးများ တပ်ဆင်ခြင်းအား ယမန်နေ့ညနေ(၃)နာရီအချိန်က စုကလိမြို့အဝင်နှင့် လမ်းဘေးဝဲယာ တစ်လျှောက်ရှိ မီးတိုင်များတွင် ကော်မတီ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်(၁) ဥက္ကဋ္ဌ ဦးစောကျေးထူးတို့မှ လိုက်လံတပ်ဆင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီးနှင့် (၈၅)နှစ် မပြည့်သေး သူများ အား ထောက်ပံ့ငွေများ ပေးအပ်
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှစ်ပြည့်ပြီးနှင့် (၈၅)နှစ်မပြည့်သေးသူများအား တစ်ဦးလျင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာ အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပြီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် Quarantine Centre များမှ ဓါတ်ခွဲနမူနာ ၄၉ ခု စစ်ဆေးရန်ပေးပို့ထားရှိ
Oct 05,2020
မိတ္ထီလာမြို့နယ်အတွင်းရှိ Quarantine များတွင် Quarantine ဝင်ရောက်နေသူများ၏ ဓါတ်ခွဲနမူနာ ၄၉ ခုကို ကိုဗစ်-၁၉ ရောဂါပိုးရရှိမရှိ စစ်ဆေးရန် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဆိုင်ရာဓါတ်ခွဲမှုဌာန သို့ စစ်ဆေးရန် ပေးပို့ထားကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၈)နာရီ ဖောင်းပြင်မြို့ရှိ မြို့မ စည်ပင်သာယာစျေး၊ ပျံကျစျေး၊ မြို့ဝင်မြို့ထွက်နေရာများ နှင့်ကမ်းနားလမ်းတို့၌ “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါ၊ မပါစစ်ဆေးပြီးပြီလား” ခေါင်းစဉ်ဖြင့် အသိပညာ ပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29035
Page
29036
Page
29037
Page
29038
Current page
29039
Page
29040
Page
29041
Page
29042
Page
29043
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department