အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီ ရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆)ရပ်ကွက်ရှိ အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပထမနိမ္မတသပိတ်မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် အရေး ပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၈)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Oct 05,2020
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင်ဂိတ်တွင် ပူးပေါင်စစ်ဆေးရေးဂိတ်ကို မြို့နယ် ကိုဗစ် - ၁၉ ရော ဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Oct 05,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ အတွင်း ပြည်သူများ မဖြစ်မနေစားသောက်ကုန်များဖြစ်သော
Oct 05,2020
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်(၄)ခုသို့ ယနေ့မွန်းလွဲပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ လိုက်လံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Oct 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
Oct 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကြီးဝကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း စာသင် ကျောင်းဆောင်သစ်အား ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြတ်ထွန်းနိုင် ကုမ္မဏီက တာဝန်ယူတည် ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။