အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ အထက(၁) Quarantine Centre တွင် သံသယလူနာ ၁၀၇ ဦးကို စတင်ထားရှိပြီး Swab ယူစစ်ဆေးရာ  Positive ၅၀ ဦး ထွက်ရှိပြီး ၄၇ ကို ရိုးမရိပ်သာ Hospital  Quarantine ၂ဦးကို ဧရာဝတီ Hospital  Quarantine  နှင့် ၁ဦးကို ဖောင်ကြီး Hospital Quarantine. သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပရဟိတအသင်းစုံမှ Volunteers (၆၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 05,2020
ကိုဗစ်- ၁၉ကာလအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ဖွင့်လှစ်ထားရှိသော Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသည့် အသင်းအဖွဲ့များသို့ တစ်ဖွဲ့လျှင်ငွေကျပ် (၁)သိန်းစီ ထောက်ပံ့ လှူဒါန်းခြင်းကိုယမန်နေ့နံနက်ပိုင်းက အထက (၁)ကျောင်း၌ဆောင်ရွက်ခဲ့သည်။
Oct 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ဝိုင်းဝန်း၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြရာ ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ယာယီပျံ ကျစျေးတွင် နှာခေါင်း စည်း၊ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ယ‌နေ့ နံနက် ၈ နာရီခွဲက ရပ်ကွက်/ကျေးရွာများမှ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများအား Covid-19 ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 05,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်တွင် ခရီးသွားပြည်သူများ၊ဒေသခံပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အ ဟုန် မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များက နေ့စဉ်တာဝန်ကျဝန်ထမ်းများ တာ၀န် ထမ်းဆောင် နေမှုကို သွားရောက် ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။
Oct 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ပိုးရှိ/မရှိ Rapid test kit ဖြင့် အောက်တိုဘာ ၃ ရက်ကစ၍ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ စစ်ဆေးရေးဂိတ် (Check Point -2 )အနီးတွင် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ယာဉ်နောက်လိုက် တစ်ဦး ထံမှ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။
Oct 05,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများ ဆေးကုသမှုဆောင်ရွက်ရန် ယာယီဆေးရုံ ကြိုတင်ပြင်ဆင်မှုများအား ယမန်နေ့က စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။