အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ (၃)ရက်နေ့မှစတင်၍ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် နေရာကန့်သတ်စောင့်ကြည့်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြန်မာ့ဩဘာလုပ်ငန်းစုကုမ္ပဏီမှ အဆိုပါ စင်တာတွင်အသုံးပြုရန် အလှူငွေကျပ်(၅၀၀၀၀ဝိ/)(ငါးသိန်းကျပ်) ၊ H2O2 ပိုးသတ်ဆေး (၁လီတာ ဗူး)(၃၀)ဗူးနှင့်ဩဘာတံဆိပ် နှာခေါင်းစည်း(Mask)အခုရေ (၁၂၀)ကို လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးနှင့် ကြီးကြပ်ရေး အဖွဲ့များက လက်ခံရယူခဲ့ပြီး အလှူရှင်မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ၁၀၅မိုင်(မိုင်းယု)ကျေးရွာ၌ ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်(Take away) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို ကျေးလက်ကျန်းမာရေးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ ယမန်နေ့နံနက်ပိုင်း တွင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေးကို မဲစာ ရင်းများ လာရောက်ကြည့်ရှုနိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက စတင်၍ သက် ဆိုင်ရာ၊ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရ သည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အတွက် မိုးညိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာများတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Oct 02,2020
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားလျက်ရှိသည်။
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ဖြူစင်ပဒုမ္မာလှူဒါန်းသူများ အဖွဲ့နှင့် "ဂျွန်းဂျင်း" ကိုရီးယားဘာသာစကား သင်တန်းသားများ စုပေါင်း၍ ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြသည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချခြင်းကို ယမန်နေ့က ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Oct 02,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက် တရုတ်စုအခြေခံ ပညာအလယ်တန်းကျောင်းတွင် Facility Quarantine ဝင်ရောက်နေသူများကို ကိုဗစ်−၁၉ရောဂါ ရှိ/မရှိဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာများရယူခြင်းကိုယနေ့ နံနက်(၁၀)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။