အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁ရက် နေ့မှ အောက်တိုဘာ ၁၄ရက်နေ့ အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာထားကြောင်းသိရသည်။
Oct 02,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထား ကြေညာထားကြောင်း သိရသည်။
Oct 02,2020
 မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်အတွက် အထူးရဲ( Special Police) သင် တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါက်မြို့အောင်တော်မူရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာ နှင့် ကျေးရွာအုပ်စုများတွင် သက်ဆိုင်ရာ သင်တန်းနေရာများ၌ ကျင်းပခဲ့သည်။
Oct 02,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀) နှင့် (၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာန မှ ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။