အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်အမည် ပြည့်စုံမှန်ကန်စေ ရေးအတွက် အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၄)ရက်နေ့အထိ ဒုတိယအကြိမ်မဲဆန္ဒရှင်များ ၏ အမည် စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ထား ကြောင်း သိရသည်။
Oct 02,2020
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ  အထွေထွေရွေး   ကောက်ပွဲအတွက် မဲပေးရန်အခွင့်အရေးရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက် ၇ နာရီက စတင်၍  မဲဆန္ဒရှင်စာရင်းများကို   ဒုတိယ အကြိမ် ကပ်ထားကြေညာ   ပေးခဲ့ကြောင်း သိရသည်။
Oct 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ခွဲရုံးများတွင် ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ (၁)ရက် နေ့မှ(၁၄) ရက်နေ့အထိ ဒုတိအကြိမ်ကပ်ထားကြေညာခြင်း ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 02,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကော်မတီ၏ ညှိနှိုင်းအစည်း အဝေးကို ဝေါမြို့နယ် ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
Oct 02,2020
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ စေတနာရှင်များက အလှူငွေ လှူဒါန်းမှုကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းတွင် ကျင်းပခဲ့သည်။
Oct 02,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက်နှစ်လမှတစ်နှစ်ခွဲအထိ  ကလေးငယ်များ အား   ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက်  ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့ နံနက် ၈ နာရီက  ဘုရားကြီးရပ်ကွက်ရှိ  မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေး​လျက်ရှိကြောင်း သိရသည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်များ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ပန်းတောင်း မြို့နယ်အတွင်းရှိ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၄၉)ဦးအား ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ် ခတ္ထိယ ကျေးရွာ အ.မ.က (လွန်)ကျောင်းနှင့် တမာကုန်းကျေးရွာ အ.မ.က (လွန်)ကျောင်းတို့၌ နှစ်နေရာခွဲ၍ သင်တန်းဖွင့်လှစ်ပေး ကြောင်း သိရှိရသည်။
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အထူး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ချောင်းဦးမြို့နယ်တွင် အထူး ရဲတပ် ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။