အမြို့မြို့အနယ်နယ်သတင်းများ

Oct 04,2020
ကရင်ပြည်နယ်၊  ဘားအံခရိုင် ၊ ဘောဂလိမြို့အတွင်းရှိ    ပြည်သူများကျန်းမာရေးဗဟုသုတ   ရရှိစေရန် နှင့်   ကူးစက်ရောဂါတို့မှ  ကင်းဝေးစေရန်   ရည်ရွယ်၍   ယနေ့နံနက်ပိုင်းတွင်   ဘောဂလိမြို့  ဖူးထေ့လေ့ အဆောင်၌     အသက်(၂)နှစ်အောက်  ကလေးငယ်များ  အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း   လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။
Oct 04,2020
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒနယ်မြေများအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များစာရင်းများကို ဒုတိယ အကြိမ် ကပ်ထား ကြေညာထား ရှိမှုအခြေအနေကို ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က မြို့ပေါ်(၃)ရပ်ကွက်တွင် နာဂဒေသ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရ သည်။
Oct 04,2020
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ်ဆောင်ရွက်ထားရှိသည့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အထက(၁)ကျောင်းရှိCommunity Base Facility Quarantine Center  သို့ ယနေ့ နံနက်ပိုင်းက ရေသန့်ကဒ်(၅၀၀)၊ PPEဝတ်စုံ(၃)စုံ၊Mask ၁ထုပ်ကိုလာရောက် လှူဒါန်းကြသည်။
Oct 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်‌တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလအတွင်း မဲရုံများတွင် လုံခြုံရေးတာဝန် ထမ်း‌ဆောင်မည့် အထူးရဲတပ်ဖွဲ့ သင်တန်းကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်နေ့အထိ နံနက် ၈ နာရီမှ ၉ နာရီအထိ အလယ်ပိုင်းရပ်ကွက် ရွှေဟင်္သာဘုန်းကြီး‌ကျောင်း တန်ဆောင်း ၌ သင်တန်းပို့ချမည် ဖြစ်သည်။
Oct 04,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက်ပိုင်းကစ၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။  
Oct 04,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုအုပ်စု ကျောင်းကုန်း ကျေးရွာရှိ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အခြေခံ စားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 04,2020
ပဲခူးမြို့ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်အဖွဲ့သားများ၏ ဦးဆောင်ပံ့ပိုးကူညီမှု့ အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် အောက်တိုဘာလ(၃)ရက်နေ့ ညနေ(၄:၃၀)နာရီက ပဲခူးမြို့ ဂိတ်အသီးသီးရှိ သက်ကြီးအနှေးယာဉ်လုပ်သား(၆၀)ဦးကျော်အား အခြေခံစားကုန်များ လိုက်လံ ထောက်ပံ့ ပေးကြကြောင်း သိရသည်။