Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းစုမြို့တွင် ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် စက်တင်ဘာ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အတွင်း အပူပိုင်းမုန်တိုင်း "နိုလ်" ကြောင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ကာ ထိခိုက်ပျက်စီးခဲ့သော ရေဘေးသင့် အိမ်ထောင်စုများအတွက် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်(၁၁)နာရီက ကျွန်းစုမြို့၊ ကျွန်းရတနာခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီး ပိုလျှံခွင့်ပြု ရန်ပုံငွေဖြင့် သပြေညိုလမ်း ကွန်းကရစ်ခင်းခြင်းဆောင်ရွက်
Sep 29,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ၊တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ သပြေညိုလမ်း ကွန်ကရစ်ခင်းခြင်း ကို စက်တင်ဘာလ ၄ ရက်နေ့ကစတင်၍ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့က ဦးဆောင်၍ ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျှက်ရှိရာ ယခုအခါတွင် လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးကြောင်း မြို့နယ် စည်ပင်သာယာ ရေး အဖွဲ့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသမူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံဘက်မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း
Sep 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသ၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရမှ တရုတ်ယွမ်ငွေ ကာလတန်ဖိုး(၁၂)သိန်းကျော်ရှိ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးပစ္စည်းများလာရောက် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် အဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)လာရောက်ပေးအပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း(Mask) မတပ်ဆင် သူများအား အရေးယူ
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရေး စည်ပင်သာ မြို့မဈေးကြီး နှင့်အပြင်ဘက်တိုက်တန်းများတွင် ယနေ့ နံနက်(၈)နာရီက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အရေးယူဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း မျှစ်ချဉ် တစ်ပိ ဿာကို ၃၅၀ကျပ်သာရရှိ၍ တစ်နိုင်တစ်ပိုင် မျှစ်ချဉ်လုပ်ငန်းလုပ်ကိုင်သူများ ဈေးကောင်…
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် တင်းဝါးချောင်းအုပ်စု ဒီးဒုတ်ကုန်းကျေးရွာတွင် မျှစ်ချဉ် လုပ်ငန်းကို တစ်နိုင်တစ်ပိုင် အိမ်တွင်းမိသားစုဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ကာလအတွင်း မျှစ်ချဉ်တစ်ပိဿာကို ၃၅၀ကျပ်သာရရှိ၍ ဈေးမကောင်းသောကြောင့် အဆင်မပြေဖြစ် နေကြကြောင်း အဆိုပါကျေးရွာ မျှစ်ချဉ် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်စည်း များအခမဲ့ဖြန့်ဝေ
Sep 29,2020
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့လမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ဆောင်ရွက်နေသော ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီ…
Sep 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ် ရောင်းချနေသူများအား သွင်းအားစုနှင့် အရင်းအနှီး ရရှိစေရန်အတွက် ဆောင်ရွက် နေသော ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 29,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း MASK တပ်ဆင်သွားလာရေး အသိပညာပေးနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29328
Page
29329
Page
29330
Page
29331
Current page
29332
Page
29333
Page
29334
Page
29335
Page
29336
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department