Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တောင်ကျချောင်းရေတိုက်စားမှုကြောင့် အင်းခွ-တောင်ဒီးလမ်းပေါ်ရှိ တံတားတစ်စင်း မြေထိန်းနံရံနှင့် ချဉ်ကပ်လမ်းနိမ့်ကျ
Aug 26,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ (၂၂) ရက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ တိုက်စားကာ အင်းခွရွာနှင့် တောင်ဒီးရွာလမ်းပေါ်ရှိ ဝင်ရော်ဆိပ်ကြီးကျေးရွာနှင့် တောင်ဒီးရွာကြား မိုင်တိုင်(၀/၀) မိုင်နှင့် (၁/၀) မိုင်ကြားတွင်ရှိသော ၂၀၁၅ ခုနှစ်တွင် ဝင်းရော်ဆိပ်ကြီးကျေးရွာမှ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည့် ကျောက်ရိုးစီအုတ်ခုံခံကွန်ကရစ်ကြမ်းခင်းတံတား (၃၀ ပေ×၁၂ပေ) သည် မြေထိန်းနံရံနှင့် ချဉ်းကပ်လမ်းနိမ့်ကျမှု ဖြစ်ပေါ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ထွေ/အုပ် ဝန်ထမ်းများမှ နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှ
Aug 26,2020
ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်ပွားမှုသည် နေ့စဉ်နှင့်အမျှ မြင့်မားလျက်ရှိရာ ရောဂါပြန့်ပွားမှု တားဆီးကာကွယ် နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ဘိုကလေးမြို့၏ လူစည်ကားရာ အရပ်ဖြစ်သော အောက်ပိုင်း ဘောလုံးကွင်းဒေါင့်တွင် သွားလာလှုပ်ရှားကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေကြပြီး နှာခေါင်းစည်း တပ်ဆင် သွားလာစေရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ ကြပ်မတ်စစ်ဆေးဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်လာသူ များအား နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ယမန်နေ့ နံနက်(၇) နာရီက ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ် ချောင်းနားရွာမကျေးရွာ၊ စာသင်ကျောင်းဆောင် ပြုပြင် တည်ဆောက် ခြင်း၊ ကျေးရွာတွင်း မြေနီလမ်းခင်းခြင်းနှင့် ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်း ပြီးစီး…
Aug 26,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)ထောက်ပံ့ရန်ပုံငွေနှင့် ကျေးလက် နေပြည်သူများ၏ ထည့်ဝင် ငွေများဖြင့် ပေါက်မြို့နယ် ချောင်းနားကျေးရွာအုပ်စု၊ ချောင်းနားရွာမကျေးရွာ စာသင် ကျောင်းဆောင် ပြုပြင်တည်ဆောက်လုပ်ခြင်း၊ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်းနှင့် ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်းပြီးစီးအောင်မြင်မှုဖွင့်ပွဲနှင့် လူထု စစ်တမ်း ကောက်ယူခြင်းကို စာသင် ကျောင်းရှေ့၌ သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြို့အဝင်/အထွက် ပြည်ထောင်စုလမ်းမကြီးဘေး ရွှေဘုန်းပွင့်ဘုရားရှေ့တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက် မြို့အဝင်ဂိတ်တွင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Aug 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူလူထုအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များအား နှိုးဆော်အသိပေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းကစ၍ ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ အဝင်အင်္ဂပူကျေးရွာ၊ ဒေးဒရဲတံတားအဆင်းတွင် စစ်ဆေးရေး ဂိတ်ဖွင့်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကော်မတီဝင်များ ဆွေးနွေး
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကိုဗစ်-၁ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အေးချမ်းသာယာ ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Aug 26,2020
သထုံခရိုင် ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းက ကဒါရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများကို သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29756
Page
29757
Page
29758
Page
29759
Current page
29760
Page
29761
Page
29762
Page
29763
Page
29764
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department