အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာကြီးအင်း ကျေးရွာနှင့် ရေလဲ ကျေးရွာချင်းဆက် တံတားဖြစ်သော သစ်သားခင်းအုတ်ခုံခံ ဇလုတ်တံတားတစ်ခုအား တောင်ကျရေ တိုက်စားမှု ကြောင့် ကမ်းကပ်ခုံဘေးတောင်ပံ တစ်ဘက်ပြိုကျမှုကို မြို့နယ်တာဝန်ရှိသူများက ယမန်နေ့နေ့လည်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Aug 22,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၊ Ease of Doing Business လုပ်ငန်းအဖွဲ့၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 22,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင်အတွင်းရှိ ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား/ သူ (၆)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကရင်ပြည်နယ်၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်လှိုင်က လူရည်ချွန်ရွေးချယ်၍ ဆုချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်မှ ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ရခြင်းနှင့် ထူးချွန်သည့် လူရည်ချွန် ကျောင်းသား/သူများ ခရိုင်အတွင်းမှပေါ်ထွက်လာအောင် သင်ကြားပေးသော ဆရာ/မများ၊ ကျောင်းများကို မှတ်တမ်းတင် ဂုဏ်ယူပါ ကြောင်း ပြောကြားခဲ့သည်။
Aug 22,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့မစည်ပင်သာယာဈေးအတွင်းနှင့် မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များ၌ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ကုန်စုံဆိုင်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 22,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော အလုံမြို့နယ် သမဝါယမအသင်းစုဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ အလုံမြို့နယ် သမဝါယမအသင်းစုရုံး တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 22,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့နှင့်ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ကျောက်တံတား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရွေးကောက်ပွဲတွင်ပါဝင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်  ၁၁ နာရီအချိန်က ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Aug 22,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးကြီးအတွင်း၌ ရောင်းချနေသည့် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့မဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။