Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နန်းတော်ရှေ့ ကျုံးရေပြင်ထဲသို့ ကားတစ်စီးအရှိန်လွန်ပြုတ်ကျ ယာဉ်မောင်းဖြစ်သူသေဆုံး
Aug 25,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့ ၁၉ လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်----အသက် (၂၃) နှစ် သည် တစ်ဦးတည်း မောင်းနှင်လာသော Pajero ခဲရောင်ယာဉ်မှာ ယနေ့နံနက် (၇) နာရီ (၁၀) မိနစ်ခန့်က ၁၉ လမ်းနှင့် ၆၆ လမ်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကျုံးရေပြင်ထဲသို့ပြုတ်ကျရာ ယာဉ်မောင်းဖြစ်သူ မောင်----သေဆုံးသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင်ဆောင်နိုင်ရေး ယမန်နေ့ နံနက် ၁၁ နာရီက သစ္စာစီမံချက်ဖြင့် တမွှတ်ကျေးရွာသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့်ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့စရိတ်နှင့် အပင်ပြုစုစရိတ်ထော…
Aug 25,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့် အပင်ပြုစုစရိတ်ကြေးငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ (၃) နာရီက မကျီးတိုင်းကျေးရွာ ကြက်မောက်တောင်ဆည်ရှင်းလင်းဆောင်တွင် ပြုလုပ်ခဲ့ရာ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး Mask တပ်ဆင်ခြင်း မရှိသူများအား အသိပညာပေး
Aug 25,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask တပ်ဆင်မှုမရှိသူများအား မီးပွိုင့်လမ်းဆုံနှင့် မြို့အဝင် တံတားအနီး လမ်းဆုံတို့၌ ယနေ့နံနက် (၇)နာရီခွဲတွင် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာကမ်းခြေ ပင်လယ်ပြင်လုံခြုံရေးကိစ္စရပ်များအတွက် ညှိနှိုင်းဆွေးနွေး
Aug 25,2020
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေလုံခြုံရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ ညနေပိုင်းက ချောင်းသာမြို့စုပေါင်း ရုံးအစည်းအဝေးခန်းမဆောင်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အုပ်ချုပ်ရေးအဖွဲ့များ၊ ချောင်းသာကမ်းခြေ ရေယာဉ်အသင်းမှ တာဝန် ရှိသူများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ မိုးစပါး RS to CS မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 25,2020
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါစီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၂ နာရီအချိန် တံခွန်တိုင် နည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့နယ် ပထမအကြိမ် မဲစာရင်းကြေညာထားရှိမှုတွင် ပြင်ဆင်ဖြည့်စွက် လျှောက်ထားသူများ စာရင်းပြင်ဆင် ဆောင်ရွက်လျက်ရှိ
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၁၄) ရက်နေ့အထိ ကြေညာထားရာ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းကြည့်ရှုပြီး သတ်မှတ်ထားသည့် ပုံစံအသီးသီးဖြင့် လျှောက်ထားရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများရှိ ဈေးသည်များ နှာခေါင်းစည်း (Mask) တပ်ဆင်ထားမှု ရှိ/မရှိစစ်ဆေး
Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာ သူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မရမ်းကုန်း မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများရှိ ဈေးသည်များ နှာခေါင်းစည်း တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29838
Page
29839
Page
29840
Page
29841
Current page
29842
Page
29843
Page
29844
Page
29845
Page
29846
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department