အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီ ခွဲ အချိန် က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 21,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ (ပထမ)အကြိမ် လေလံတင်ရောင်းချခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ကျောက်တန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် စားသုံးသူရေးရာ ဉီးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများက စားသုံးသူပြည်သူများအား အကာအကွယ်ပေးရေးအတွက် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုများအား ယနေ့နံနက် ၉နာရီအချိန်က စစ်ဆေး ခဲ့ကြောင်းသိရသည်။
Aug 21,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အတွက် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄)(ဂ)စာရင်းများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများ အား ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန် တွင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၌ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ အမှတ်(၃)နယ်မြေရှိ မြိုင်သီတာ ဆေးဆိုင်နှင့် ဆေးခန်း တွင် ယနေ့နံနက် (၈) နာရီမှ စတင်ကာ အသက်(၇၅)နှစ်နှင့်အထက် ဘိုးဘွားများအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုကို (ပဉ္စမအကြိမ်) အ‌ဖြစ် ဆောင်ရွက်ပေးခဲ့သည်။
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၏ အနောက်ဘက်သုသာန်ရှိ လောင်တိုက်ကုန်းနှင့် ကိုက် (၃၀၀) ခန့်အကွာတွင် ယနေ့နံနက်ပိုင်းက ရှေးခေတ်ကဟုယူဆရသည့် ပုတီးစေ့ပုံစံ ရွှေတိုရွှေစအနည်းငယ်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။