Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အလုံမြို့နယ်၌ သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဆင်မင်းရပ်ကွက်နှင့် ဌာနာရပ်ကွက်ရပ်ကွက်တို့ တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ရှိ ရန်ကြီးအောင်ဘုရားရင်ပြင်တော်အား ပြုပြင်မွမ်းမံခြင်း စုပေါင်းလုပ်အားပေးဆောင်ရွက်
Aug 21,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ရန်ကြီးအောင် ဘုရားရင်ပြင်တော်အား ပြုပြင်မွမ်းမံခြင်းစုပေါင်းလုပ်အားပေးကို ယမန်နေ့နံနက်မှစ၍ လိပ်သိုမြို့ ဗုဒ္ဓဘာသာဂေါပကအဖွဲ့မှ ဦးစီးပြီး လိပ်သိုလူငယ်အဖွဲ့၊ ယောဂီအဖွဲ့တို့က ပါဝင်စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့တွင် လေဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 21,2020
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဗမာမြောင်ကြီးကျေးရွာတွင် ဩဂုတ် ၁၉ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးက ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးခန်းမ၌ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (ဗ- ၃/၁၉-၂၂) ကျင်းပ
Aug 21,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေး (ဗ-၃/၁၉-၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online Video conferencing ဖြင့် ကျင်းပခဲ့ပြီး ရှေးဦးစွာ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားရာတွင် UMFCCI မှ စီစဉ်ရိုက်ကူးတင်ဆက်လျက်ရှိသည့် Webinar Series များအနေဖြင့် ကြည့်ရှုသူအရေအတွက် များပြားလျက်ရှိပြီး စိတ်ဝင်စားမည့် ခေါင်းစဉ်များဖြင့် ထပ်မံ ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ချေးငွေများ လုပ်ငန်းရှင်များထံသို့ အလျင်မြန်ဆုံးရရှိစေရန်အတွက် အသင်းချုပ်အနေဖြင့် လက်ခံရရှိသော လျှောက်လွှာပေါင်း(၁၀,၀၀၀)ကျော်အား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရှိန် အဟုန်မြင့် စီစစ်လျက်ရှိကြောင်း၊ မူဝါဒနှင့်သုတေသနပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်နေမှုများ အသင်း ချုပ်၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီများမှလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုများကို ပြောကြားခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၌ ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 21,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်ရန် ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မိမြို့ဖ၊ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်များပူးပေါင်း၍ ရွေးကောက်ပွဲလက်ကမ်းစာစောင်၌ မဲဆန္ဒရှင်စာရင်းများ ကြေငြာချက်များကို ပြည်သူများ ကျယ်ကျယ်ပြန်ပြန့် သိရှိနိုင်ရေး၊
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် (တတိယအကြိမ်)ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးအပ်
Aug 21,2020
ကရင်ပြည်နယ်၊ ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ညွှန်ကြားချက်ဖြစ်သော ဆုတောင်းခြင်းဆိုင်ရာ ခွင့်ပြုချက်များအား ဆွေးနွေး
Aug 21,2020
ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သော ဝတ်ပြုဆုတောင်းခြင်းဆိုင်ရာ ခွင့်ပြုချက်များအား ရှင်းလင်း ပြောကြားခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းဘေး အန္တရာယ်ရှိသစ်ပင်များ ရှင်းလင်းဆောင်ရွက်
Aug 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းမကြီးဘေးတစ်လျှောက်ရှိ ခရီးသွားပြည်သူနှင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာရာတွင် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းဖယ်ရှားမှုလုပ်ငန်းများအား ကော့သောင်းမြို့နယ်၊ မလိဝမ်းနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29852
Page
29853
Page
29854
Page
29855
Current page
29856
Page
29857
Page
29858
Page
29859
Page
29860
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department