Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၁၅)ဦးအား သက်ဆိုင်ရာ ဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 22,2020
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေ ရပ်ပြန်ပြည်သူများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက် ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၀ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၅)ဦးနှင့် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန် က(၁၀)ဦးစုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၅)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်တွင် ကလေးလုပ်သားပပျောက်စေရေးအတွက် စစ်တမ်းကောက်ယူ
Aug 22,2020
နမ္မတူတွင် ကလေးလုပ်သား ပပျောက်ရေးနှင့် ကလေးလုပ်သားများ အခွင့်အရေးရရှိစေရန် ရည်ရွယ်၍ ကလေးလုပ်သား စာရင်းကောက်ယူခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် ရပ်ကွက် (၁၀)၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဒေသအတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် လုပ်ငန်းများအတွက် သက်သာသောအတိုးနှုန်းထားများဖြင့် ချေးငွေ…
Aug 22,2020
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ လူထုလူတန်းစား အသီးသီး ထိခိုက်နစ်နာ မှုများ ကြုံတွေ့ခံစားနေရခြင်းကို နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ တစ်ဖက် တစ်လမ်းမှ ကူညီသည့် အနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် နေသူများ အား သက်သာသော အတိုးနှုန်းထားများဖြင့် ချေးငွေများထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း (Pact Global Microfinance Fund) ပက်အပြည် ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေအဖွဲ့ ညောင်ရွှေရုံးခွဲ မှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်သို့ သွားလာရလွယ်ကူစေရေးအတွက် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်
Aug 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်သို့ ပြည်သူများ အပန်းဖြေလည်ပတ်လျက်ရှိရာ အပန်းဖြေပြည်သူများ သွားလာရ လွယ်ကူစေရေးအတွက် လူသွားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ယမန်နေ့ နေ့ကစတင်၍ သနန်တောင်ပေါ်တောရ ကျောင်းဆရာတော်၏ ဦးဆောင်မှု၊ မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်း စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လက်တွေ့အမှိုက်ခွဲခြား မြေဆွေး ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 22,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ဆောင်ရွက်နေသော လုပ်ငန်းမှ အမှိုက်ခွဲခြားစွန့်ပြစ်ခြင်း လုပ်ငန်းများ စီမံခန့်ခွဲခြင်း လုပ်ငန်းများဆွေးနွေးခြင်းနှင့် စွန့်ပစ်အမှိုက်ခွဲခြား စွန့်ပစ်ခြင်းမှ သစ်ရွက်မှိုက်များအားမြေဆွေး လက်တွေ့ပြုလုပ်ခြင်းအား ယမန်နေ့ ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာ၊ မနုဟာဘု ရားကြီး၊ ဓမ္မာရုံတွင် နံနက် ၁၀နာရီအချိန်ကစတင်ကာ အမှိုက်ငါးမျိုးခွဲခြားစွန့်ပစ်ခြင်း လုပ်ငန်းဟောပြော ဆွေးနွေးခြင်းနှင့် လက်တွေ့မြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ကပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်း စစ်ဆေး
Aug 22,2020
၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Aug 22,2020
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်းရှိ ယာယီပျံ ကျဈေးတွင် ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ညှိန…
Aug 22,2020
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်းရှိ ယာယီပျံကျဈေးတွင် မိုးရေများဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ယာယီပျံကျဈေးသည်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29938
Page
29939
Page
29940
Page
29941
Current page
29942
Page
29943
Page
29944
Page
29945
Page
29946
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department