အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2020
နမ္မတူတွင် ကလေးလုပ်သား ပပျောက်ရေးနှင့် ကလေးလုပ်သားများ အခွင့်အရေးရရှိစေရန် ရည်ရွယ်၍ ကလေးလုပ်သား စာရင်းကောက်ယူခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် ရပ်ကွက် (၁၀)၌ ဆောင်ရွက်ခဲ့သည်။
Aug 22,2020
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ လူထုလူတန်းစား   အသီးသီး ထိခိုက်နစ်နာ မှုများ ကြုံတွေ့ခံစားနေရခြင်းကို နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ တစ်ဖက် တစ်လမ်းမှ ကူညီသည့် အနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် နေသူများ အား သက်သာသော အတိုးနှုန်းထားများဖြင့် ချေးငွေများထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း (Pact Global Microfinance Fund) ပက်အပြည် ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေအဖွဲ့ ညောင်ရွှေရုံးခွဲ မှ သိရှိရသည်။
Aug 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်သို့ ပြည်သူများ အပန်းဖြေလည်ပတ်လျက်ရှိရာ အပန်းဖြေပြည်သူများ သွားလာရ လွယ်ကူစေရေးအတွက် လူသွားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ယမန်နေ့ နေ့ကစတင်၍ သနန်တောင်ပေါ်တောရ ကျောင်းဆရာတော်၏ ဦးဆောင်မှု၊ မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 22,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ဆောင်ရွက်နေသော လုပ်ငန်းမှ အမှိုက်ခွဲခြားစွန့်ပြစ်ခြင်း လုပ်ငန်းများ စီမံခန့်ခွဲခြင်း လုပ်ငန်းများဆွေးနွေးခြင်းနှင့် စွန့်ပစ်အမှိုက်ခွဲခြား စွန့်ပစ်ခြင်းမှ သစ်ရွက်မှိုက်များအားမြေဆွေး လက်တွေ့ပြုလုပ်ခြင်းအား ယမန်နေ့ ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာ၊ မနုဟာဘု ရားကြီး၊ ဓမ္မာရုံတွင် နံနက် ၁၀နာရီအချိန်ကစတင်ကာ အမှိုက်ငါးမျိုးခွဲခြားစွန့်ပစ်ခြင်း လုပ်ငန်းဟောပြော ဆွေးနွေးခြင်းနှင့် လက်တွေ့မြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ကပြောကြားခဲ့သည်။
Aug 22,2020
၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Aug 22,2020
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခဲ့သည်။
Aug 22,2020
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်းရှိ ယာယီပျံကျဈေးတွင် မိုးရေများဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ယာယီပျံကျဈေးသည်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်က  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Aug 22,2020
လသာမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများဖြစ်သည့် Churchနှင့် ဗလီ​များအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။