Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လိပ်သိုမြို့၊ သံမိုးတောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 19,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ သံမိုးတောင်ကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန့်နေ့နံနက်ပိုင်းက သံမိုးတောင်ကျေးရွာရှိ ပညာ့အလင်းစာကြည့်တိုက်တွင် သံတောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် ကျေးရွာများရှိ စာဖတ်သူများထံသို့ စာအုပ်၊ စာစောင်များသွားရောက် ငှားရမ်းပေး
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက်(၁၀) နာရီအချိန်က ကျွဲမင်းကျကျေးရွာနှင့် မရိုးတောကျေးရွာများရှိ စာဖတ်သူများထံသို့ စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့၌တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် ၊ နဝဒေးလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် အမှတ် ၃ ရပ်ကွက်ရှိ နဝဒေးလမ်း (ကော်မရှင်ရုံးလမ်း) အား ကွန်ကရစ် ခင်းခြင်း လုပ်ငန်းကို ဩဂုတ် ၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 19,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ အဆင့်မြင့် စက်ချုပ်သင်တန်း တက်ရောက်ခဲ့သူ (၁၂)ဦးအား စိမ်းလမ်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပ…
Aug 19,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ၊ ကြူဆော့ (IDP)စခန်းခန်းမ၌ ဇွန်လ (၁၀)ရက်နေ့မှ ဇူလိုင်လ (၁၀)ရက်နေ့အထိ အချိန် (၁)လ အကြာ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့် စက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သော ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်း၊ လီဆူး (IDP)စခန်းတို့မှ သင်တန်းသူ (၁၂)ဦးအား စိမ်းလမ်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ ညနေ (၅)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Aug 19,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟော ပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင် က တက်ရောက်လာကြသော ဒေသခံပြည်သူများအား လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ မိမိတို့ဒေသနေ ပြည်သူများအား လူကုန်ကူးမှုခံရသည့် အန္တရာယ်များမှ ကင်းဝေးစေရန် သိသင့်သိထားထိုက်သော အခြေခံဗဟုသုတ အကြောင်းအရာများကို ပညာပေး ဟောပြောခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်
Aug 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းဘေးသစ်ပင်လဲပြို၍ ယာဉ်ကြောပိတ်ဆို့နေမှုအား အချိန်မီ သွားရောက်ခုတ်ထွင်ရှင်းလင်း
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ဖောင်ကြီး လမ်းခွဲတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းဘေးသစ်ပင်လဲပြိုကာ ယာဉ်ကြောပိတ်ဆို့နေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးဌာနမှ လ/ထမီးသတ်ဦးစီးမှူး ဦးသိန်းမင်းထွေး ဦးဆောင်သော ရှာဖွကယ်ဆယ်ရေး တပ်ဖွဲ့ဝင် များက အချိန်မီ သွားရောက်ခုတ်ထွင် ရှင်းလင်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29965
Page
29966
Page
29967
Page
29968
Current page
29969
Page
29970
Page
29971
Page
29972
Page
29973
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department