အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ( Covid-19 Economic Relief Plan ) ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း လုပ်ငန်း ခွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဇီးသောင်(ရှေ့)ကျေးရွာသို့ ယမန်နေ့နံနက် (၁၀)နာရီက ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး‌အောင်လွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 17,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ ရွေး​ကောက်ပွဲကြီး​အောင်မြင်စွာ ကျင်းပနိုင်​ရေး မြို့နယ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး (ဒုတိယအကြိမ်) ကို မြို့နယ် ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးတွင် ယ​​​မန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Aug 17,2020
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်နှင့် ပဒါန်းမြို့တို့တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းမြို့နယ်များတွင် ချောင်းဖျားခံကာ စီးဆင်းလာသော ပဇီချောင်းနှင့် ပန်းထိမ်ချောင်းတို့သည် မန်းဆုံကျေးရွာအနီးတွင် မန်းချောင်းနှင့်
Aug 16,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင်ရှိရပ်ကွက်/ ကျေးရွာတွင်းကြေညာခဲ့သော မဲဆန္ဒရှင်စာရင်များ ပြင်ဆင်ပြီးသော မဲစာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ယနေ့နံနက်ပိုင်းက လာရောက်ပေးအပ် ခဲ့ကြောင်း သိရသည်။
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ချင်းတွင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန အဆောက်အဦများ ဆောက်လုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင် များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 16,2020
ရမည်းသင်းမြို့နယ်အတွင်းရှိ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်အသုံးပြုသူများ၊ မော်တော်ဆိုင်ကယ် အသုံးပြုသူများ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးခြင်းကို အမှတ်(၉၇) ယာဉ်ထိန်းတပ်ဖွဲ့စု(ရမည်းသင်း)က ယမန်နေ့ နံနက်(၉)နာရီက ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။