Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား (၄၀)အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်ပို့ချ
Aug 11,2020
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ (၈၂၄)ဦးရှိ
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ အတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ညောင်ရွှေမြို့နယ်မှ ဝင်ရောက် ဖြေဆိုသူ (၄၁၉၉)ဦး ရှိပြီး အောင်မြင်သူ (၈၂၄)ဦးရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၁၉. ၆၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေး မှူးရုံး၏ ၁၀-၈-၂၀၂၀ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၄၄၁၈ ဦးရှိ
Aug 11,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဇူလိုင် လ ၂၅ ရက်နေ့ မှ စတင်ပြီး ဩဂုတ်လ (၁၄)ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး(၄၆)ရုံးတို့တွင် ကပ်ထားကြေညာ လျက်ရှိရာ ယနေ့အချိန်အထိ ချောင်းဆုံမြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ (၁၄၄၁၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ချေးငွေလျှောက်လွှာလက်ခံရရှိမှုနှင့် စပ်လျဉ်း၍ ပြည်နယ်/တိုင်း CCI များနှင့် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲကျင်းပ
Aug 11,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ပြည်နယ်/တိုင်းများတွင် ကိုဗစ်-၁၉ ချေးငွေလျှောက်လွှာ လက်ခံ ရရှိမှုအခြေအနေ၊ ယမန်နေ့ နံနက်ပိုင်းအထိ လျှောက်လွှာလက်ခံရရှိသည့် အရေအတွက်နှင့် လျှောက် လွှာအများဆုံးရရှိသည့် လုပ်ငန်းကဏ္ဍများ၊ လက်ခံရရှိသည့် လျှောက်လွှာများအား စုစည်း၍ ကုန်သည် စက်မှုအသင်းချုပ်ရုံးသို့ အလျင်မြန်ဆုံး ပေးပို့နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ် ဦးအေးဝင်းနှင့် ပြည်နယ်/တိုင်း CCI များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို နောင်ကော့ကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း(၈)ရွာကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် မီးလင်းရေးလုပ်ငန်းဆောင်ရွက်ပြီးစီး
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် မီးလင်းရေးလုပ်ငန်းကို ညောင်လယ် ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Aug 11,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မိုးရာသီကာလအတွင်း ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေ ထောက်ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွားစေရေးတို့ အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကျောက်တံတားမြို့နယ်၊ အမှတ်(၂) ရပ်ကွက် (၃၄)လမ်းသို့ ကွင်းဆင်း၍ ရပ်ကွက်အတွင်းရှိ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေး မဖြစ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ နှင့်ဆုငွေများချီးမြှင့်
Aug 11,2020
၂၀၁၉-၂၀၂၀ပညာသင်နှစ်၊တက္ကသိုလ် ဝင်တန်းအောင်ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၉နာရီက မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30199
Page
30200
Page
30201
Page
30202
Current page
30203
Page
30204
Page
30205
Page
30206
Page
30207
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department