Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းဘဲတန်းမြို့နယ်တွင် မဲရုံဆောင်ရွက်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု
Aug 10,2020
ပန်းဘဲတန်းမြို့နယ်တွင် အများပြည်သူများ အလွယ်တကူမဲပေးနိုင်မည့် မြေညီထပ်တွင် မဲရုံများ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့် နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် နမ့်လတ်ချောင်းရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရှိလူနေအိမ်များအတွင်း ရေများဝင်ရောက်
Aug 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ဩဂုတ်လ ၉ ရက် ည ၁၀ နာရီ မှ ဩဂုတ်လ ၁၀ ရက် နံနက် ၂ နာရီကျော်ထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နမ့်လတ်ချောင်းရေမြင့်တက်ခဲ့မှု ကြောင့် အမှတ်(၁) ရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်ခြေ (၃၆၀) ခန့် နေအိမ်ခြံဝန်းများအတွင်း ရေ ဝင်ရောက် မှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ် Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအား ကွင်းဆင်း စစ်ဆေး
Aug 10,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု၊ ဘာဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည် ကုစားနိုင်စေရန် ရည်ရွယ်၍ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တွင် Cask for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုမှ ပြောင်းဖူးစိုက်တောင်သူများ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေး ထိုးကျ
Aug 10,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံသွား ကားလမ်း မကြီးဘေး ဝဲ/ယာတွင်တည်ရှိကာ ဒေသခံကျေးရွာများရှိ တောင်သူများသည် လယ် ၊ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချခြင်းဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်းလုပ်ကိုင်နေကြကာ ယခုလ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရန်ကုန်ပြောင်းဖူးပွဲစားများနှင့်မန္တလေးမြို့မှပွဲစားများအား ခခယယရောင်းချနေရကြောင်း ပြောင်းဖူးကိုယ်တိုင် စိုက် ပျိုးရောင်းချသည့် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ဦးဝင်းတင်က ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့ မြို့ကုန်းကျေးရွာ၌ ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်အရ ဝက်မွေးမြူရေး သင်တန်း ဖွင့်လှစ်
Aug 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ မြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ ဝက်မွေးမြူရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့၌ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ
Aug 10,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ထုတ်ပြန်ကြေညာလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသောမိုးစပါး (Rs to Cs) မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေး
Aug 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် ထောက်ပံ့မှုအရဆောင်ရွက်သော မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းကို ယမန်နေ့ နံနက် ၈နာရီက တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့၌ ကလေးငယ်များအား ဗီတာမင် A နှင့် သံချဆေးတိုက်ကျွေး
Aug 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ကလေးငယ်များ အား ဗီတာမင် A နှင့် သံချဆေးတိုက်ကျွေးခြင်းကို တုံတာမြို့တိုက်နယ်ဆေးရုံတွင် ယမန်နေ့ နံနက် ၉နာရီမှ ၁၂နာရီအထိ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30216
Page
30217
Page
30218
Page
30219
Current page
30220
Page
30221
Page
30222
Page
30223
Page
30224
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department