Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တိုင်းဒေသကြီးဝန်ကြီးချုပ် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး
May 31,2026
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများသည် မေ ၂၉ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ မုံရွာ-ချောင်းဦး ကားလမ်း မြို့အထွက်တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွ…
May 31,2026
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရေးအတွက် မေလ ၃၀ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ မုံရွာ-ချောင်းဦးကားလမ်း မြို့အထွက်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ လမ်းဘေးဝဲ/ယာရှိ သစ်ပင်ခြုံနွယ်များ၊ ပလပ်စတစ်အမှိုက်များအား သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၂ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသည့် ၂၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိမှု တိုက်ကြီးမြို့နယ်၌ ဖြစ်ပွား
May 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ လသာကုန်းကျေးရွာ ရန်ကုန်-ပြည်ကားလမ်း၊ အောင်ပြည့်စုံဟော်တယ်အနီးတွင် မေ ၃၀ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က ၂၂ ဘီးယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ အရှေ့မှမောင်းနှင်နေသည့် ၂၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 31,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဘိုင်းဒါးကြိုးဝိုင်း၊ အကွက်အမှတ် (၉၇)၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၇၇/၇)အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲမြို့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ (ကုတင် ၅၀) ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 31,2026
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ (ကုတင်၅၀) ပြည်သူ့ဆေးရုံတွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၀၇:၀၀)အချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
May 31,2026
တိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး မွန်ပြည်နယ်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှု
May 31,2026
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်စစ်ဆေးရာ ဦးစွာ ရှင်းလင်းဆောင်တွင်ပြည်နယ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစက်ပစ္စည်းများ တပ်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အဘစ်(နှီးမုတ်)ကျေးရွာ ရွာပတ်ချောင်း တူးဖော်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
May 31,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်သူအတွက် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ချောင်းနှင့် ရေနုတ်မြောင်းများကို တူးဖော်လျက်ရှိရာ မေလ (၃၀) ရက်နေ့ နံနက်ပိုင်း အဘစ်(နှီးမုတ်)ကျေးရွာ ရွာပတ်ချောင်း တူးဖော်နေမှုအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောရှားထွန်းကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
348
Page
349
Page
350
Page
351
Current page
352
Page
353
Page
354
Page
355
Page
356
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department