အမြို့မြို့အနယ်နယ်သတင်းများ

May 30,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ခရမ်းမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပံ့ပိုးပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
May 30,2026
မကွေးမြို့နယ်အတွင်း တောင်သူများ၏ သီးနှံအလိုက် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ စိုက်ပျိုးရာသီအတွက် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 30,2026
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) သရဖူခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့‌သည်။
May 30,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ၈မိုင်ကျေးရွာ ရွာတွင်းလမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅ ဒသမ ၆ သန်း ဖြင့် ၈ မိုင်ကျေးရွာ ရွာတွင်းလမ်း အပိုင်းပေါ်ရှိ လမ်းမိုင်(၀/၅- ၀/၅.၅)ကြား(၁)စင်း၊ (၀/၆-၀/၆.၅) ကြား (၁) စင်း စုစုပေါင်း (၂) စင်း ပျက်စီးနေသော ရေထုတ်ပြွန်အား (၅' x၅' x ၂၄') (1.52mx 1.52m x 7.31m) ကျောက်ကြီးစီကမ်းကပ် ခုံသံကူ ကွန်ကရစ်ကြမ်းခင်း Box Culvert (၂)စင်းအဖြစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
May 30,2026
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်‌မောင်လတ်၊ လယ်ဝေးခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ဒက္ခိဏသီရိ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
May 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၈ ရက်နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 30,2026
ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားအား ယမန်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။