Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့သစ်မြို့နယ်တွင် နွေနှမ်း အထွက်တိုး စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပ
May 30,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် နွေနှမ်းအထွက်တိုးစံပြကွက် ကွင်းသရုပ်ပြပွဲကို မေ ၂၈ ရက်နေ့ နံနက်ပိုင်းက လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာရှိ တောင်သူဦးသန်းထွန်းအောင်၏ နွေနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၉ ရက်နံနက် ၈ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project မှ RefresherTraining for MMCWA Volunteer on MNCH and GBV သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ…
May 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ မေ ၂၈ ရက်နေ့နံနက် ၉ နာရီက " မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project မှ Refresher Training for MMCWA Volunteer on MNCH and GBV သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်သက်သက်ဆွေ၊ တိုင်းကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်၊ မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများတက် ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့် လူရည်ချွန်မောင်မယ်များ ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
May 30,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ၊ ပုလော မြို့နယ်လုံး ဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် လူရည်ချွန်မောင်မယ်များ ကြိုဆိုဂုဏ်ပြု ချီးမြှင့်ပွဲကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အထက(၁) Grade-10 မှ ကျောင်းသား/သူများက ကျောင်းနေရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်၌ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 30,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ညောင်သုံပင်ကျေးရွာ၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောက်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို မေ ၂၈ရက်နေ့နံ ၁၀ နာရီက ညောင်သုံးပင်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့ ဝက်ချောင်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်
May 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ဝက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျေးလက်ဒေသဖွံ့ဖြိူးရေး ပြည်သူ့စကားဝိုင်းကို မေ ၂၈ ရက်နေ့နံနက် ၁၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက် (၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွ…
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်သီတာဆွေ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
May 29,2026
မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကက မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီးများ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဦးတည်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ရန်၊ အမျိုးသမီးများ၏ဘဝ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန်၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားလေးစားရန်၊ အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှုများ လျော့နည်းပပျောက်ရန်တို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ အခြားသောလူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် အဆင့်ဆင့်မှ အဖွဲ့ဝင်များအားလုံးအနေဖြင့် တက်ညီလက်ညီဆတက်ထမ်းပိုး အောင်မြင်စွာ ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
396
Page
397
Page
398
Page
399
Current page
400
Page
401
Page
402
Page
403
Page
404
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department