အမြို့မြို့အနယ်နယ်သတင်းများ

Apr 24,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ​ရွှေမြို့​ကျေးရွာအုပ်စု၊ ဘူတာ​ကျေးရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ပြီးဖွင့်လှစ်သင်ကြားသည့် လူထုကျန်းမာရေးလုပ်သားသင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်း​တော်ကြီး​ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
Apr 24,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မဲဇလီဆည်၊ စလင်းရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၃၅၈၁၆ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၃၅၄၈၈ ဧက စိုက်ပျိုးပြီးစီးပြီးစိုက်ပျိုးနိုင်ခဲ့ကာ နှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြေစာရင်းအင်းဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။
Apr 24,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  တောင်တွင်းကြီးမြို့နယ်တွင်  တစ်နိုင်တစ်ပိုင် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။
Apr 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး ပိုမိုအဆင်ပြေ‌စေရန်နှင့် စားနပ်ရိက္ခာဖူလုံ‌ရေးကို ရည်ရွယ်ကာ ရပ်ကွက်/ကျေးရွာများ၊ စက်ရုံ/ အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများကို စဉ်ဆက်မပြတ် ရောင်းချလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာသုံးဆီအ‌ရောင်းဆိုင်များ၌ ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား စားအုန်းဆီ ၆၈၉၈ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Apr 24,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူကြည်ညိုပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Apr 23,2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာ၀န်ပေးအပ်ပွဲ အခမ်းအနားကိုယနေ့(၁၄:၀၀)နာရီအချိန် လဟယ်မြို့နာဂဒေသ ဦးစီးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။