ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေး ဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင်းရှုံးနိမ့်ခြင်းစာအုပ်အားယနေ့နံနက်ပိုင်း ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင်(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူနှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ပညာအထက်တန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများထံသို့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်သတင်းစကား  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။

မြဝတီမြို့ ဘုရင့်နောင်စျေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ

ကရင်ပြည်နယ်၊  မြဝတီမြို့ရှိ ပြည်သူများ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဥ်း၍ အသိ၊ သတိရှိစေရန်ရည်ရွယ်ကာ လထခဃ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ အချိန်က မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ဈေး တာဝန်ခံ၊ ဈေးသူဈေးသားများနှင့်အတူ အမှတ်(၄)ရပ်ကွက်ရှိ ဘုရင့်နောင်ဈေးကြီးအတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် မှု သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊လူမှုကူညီရေးအသင်းအဖွဲ့များ၊ နယ်​​မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက် ရောက်ခဲ့ကြသည်။

သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားလူငယ် လူရွယ်များအနေဖြင့်  လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက်  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌  ပြသဆောင်ရွက်သည်။

သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်  မွေးစမှအသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဘားအံမြို့၌ ပုဂ္ဂလိက အခြေခံပညာကျောင်းတည်ထောင်သူနှင့် ကျောင်းစီမံအုပ်သူများအား ဥပဒေ စည်းမျဉ်းစည်းကမ်းများရှင်းလင်းဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ပုဂ္ဂလိက အခြေခံပညာကျောင်း (အသစ်၊ ယာယီ မှ ပုဂ္ဂလိကကျောင်းမှတ်ပုံတင် သက်တမ်းတိုး) လျှောက်ထားလာသည့် ကျောင်းများ၏ ကျောင်းတည်ထောင်သူနှင့် ကျောင်းစီမံအုပ်ချုပ်သူများအား တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး‌ ဟောပြော

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲကျင်းပ

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်က ဘားအံမြို့  ပြည်နယ်လူငယ်စင်တာ ခန်းမအတွင်း၌ ကျင်းပသည်။

ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်