ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိစေရန်အတွက် သံတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျုံဒိုးမြို့၌မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေသြဇာ ကြဲပက် ကွင်းသရုပ်ပြပွဲ

ကရင်ပြည်နယ်အတွင်း မိုးစပါးလျာထားဧကပြည့်မီကျော်လွန်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ကွင်းသရုပ်ပြပွဲကို မေ ၂၃ ရက်က ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ ဒေါဖျာကျေးရွာအုပ်စု၊ ကော့ဘော် ကျေးရွာ၊ ကော့ဘော်ကွင်းအမှတ်(၇၄/ခ)ရှိ ဦးထွန်းကြည်၏ ဧက ၄၀ စပါးစိုက်ခင်း၌ ကျင်းပသည်။

မြဝတီမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကရင်ပြည်နယ်ဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့်အတူ စီမံကိန်း၊ စီးပွားရေး နှင့်ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများသည် မေ ၂၃ ရက်က မြဝတီမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးအတွက် သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကြာအင်းဆိပ်ကြီးခရိုင်၊ကြာအင်းဆိပ်ကြီးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးတွင် ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်၊ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက အထက၊ကြာအင်းဆိပ်ကြီး ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။

ကမမောင်းမြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူအသိပညာပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးရာသီအတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ကျေးလက်နေတောင်သူများ နည်းပညာ များကို လက်ခံကျင့်သုံးလာစေရန် ရည်ရွယ်၍ တောင်သူအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း က မိဇိုင်းကျေးရွာနှင့် ဝါကော်ကျေး ကျေးရွာတို့တွင်ကျင်းပသည်။

ဘားအံမြို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့တွင် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင်ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေ (၂၅) ရက်မှစပြီး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းအပ်လက်ခံ​ရာတွင် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈:၃၀နာရီက ကော့ကရိတ်မြို့ အထက(၁)၌ ကျင်းပသည်။

သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျားရာသီပေါ်သီးနှံဖြစ်သည့် တညင်းသီးများဈေးကောင်းရရှိ

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံ ပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာ၊ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တညင်းပင်များကို   တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြင့် စိုက်ပျိုးကြပြီး ယခုနှစ်ပေါ်ဦးပေါ်ဖျားရာသီပေါ်သီးနှံဖြစ်သည့် တညင်းသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၌   ၂၀၂၆-၂၀၂၇ ပညာသင်နှစ်  ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ၂၅ရက်မှ ၃၁ရက်အထိ  သတ်မှတ်ထားရာ မေ ၂၅ ရက် နံနက်၉နာရီတွင်  သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်း၌   ကျောင်းအပ်လက်ခံ ဆောင်ရွက်ကြောင်း သိရသည်။ 
Subscribe to ကရင်ပြည်နယ်