ကရင်ပြည်နယ်

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမတွင် မေ (၂၅) ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။

ကော့ကရိတ်မြို့၌ မီးဘေးသင့်နေအိမ်များအား ဘိလပ်မြေနှင့်သွပ်များထောက်ပံ့ပေးအပ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အကြမ်းဖက်သောင်းကျန်းသူများကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးသွားခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မီးလောင်ပျက်စီးသွားသည့် နေအိမ်ပိုင်ရှင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေး မေ ၂၅ ရက် နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ဒေါနခန်းမ၌ ညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မီးဘေးသင့်အိမ်ပိုင်ရှင်များ တက်ရောက်ကြသည်။

ပိုင်ကျုံမြို့ အ-ထ-ကကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ-ထ-ကကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက်  မေ (၂၅)ရက် နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သည်။

မြဝတီမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံမှုများ စတင်လက်ခံ

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားရာ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌လည်း ကျောင်းအပ်နှံလက်ခံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ဘားအံမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဥပဒေအသိပညာပေးဆွေးနွေး

ဥပဒေရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ကရင်ပြည်နယ်ဥပဒေချုပ်ဒေါ်နော်သန်းသန်းငြိမ်း ဦးဆောင်၍ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများသည် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဥပဒေအသိပညာပေးဆွေးနွေး ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၂၄ ရက် နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စုနှင့်လှာကာကျေးရွာအုပ်စုများသို့ကွင်းဆင်း၍ ဥပဒေအသိပညာပေးဆွေးနွေး ဟောပြောသည်။

မြဝတီမြို့နယ်တွင် (၁၀)မျိုး (၁၀)ပေါင် စားဖိုဆောင် သီးပင်၊ စားပင်များ၊ ငွေနှင်းမှို မျိုးထုပ်များပေးအပ်ခြင်းနှင့်လက်တွေ့စိုက်ပျိုးခြင်း ပညာပေးကွင်းသရုပ်ပြ

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ (၁၀)မျိုး (၁၀)ပေါင် စားဖိုဆောင် သီးပင်၊စားပင်များ ၊ငွေနှင်းမှို မျိုးထုပ်များ ပေးအပ်ခြင်း နှင့်လက်တွေ့စိုက်ပျိုးခြင်း ပညာပေးကွင်းသရုပ်ပြပွဲကိုယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသ​​င်နှစ် ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ယနေ့ မေလ ၂၅ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးထားဆောင်ရွက်သွားရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်တိုက်တွန်း

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကရင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီ က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

လှိုင်းဘွဲမြို့၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများတွင် သင်ကြားမည့် အခြေခံပညာအလယ် တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်ကြားပို့ချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အထက်တန်းကျောင်း(ခွဲ) ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံ

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်း တွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်