ကရင်ပြည်နယ်

ကမမောင်းမြို့၌ မြန်မာနှစ်ဆန်း (၃)ရက်နေ့တွင် အသက်(၈၀)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မြန်မာနှစ်ဆန်း ၃ ရက်နေ့၊ ညနေ ၃ နာရီ အချိန်က မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာအရ သက်ကြီးမိဘ၊ ဘိုးဘွား၊ ဆရာသမားအပေါင်း တို့အား ရိုသေ လေးစားစွာ ရှိခိုးကန်တော့သည့် ပူဇော်ပွဲအခမ်းအနားကို ကမမောင်းမြို့ အာလောကာရာမ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပူဇော်ခံ အဘိုးအဘွားများ တက်ရောက်ခဲ့ကြသည်။

သံတောင်ကြီးမြို့  ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်းဓမ္မပညာဆရာမများက ဦးဆောင် ၍  ကလေးသူငယ်များနွေရာသီအားလပ်ရက်များတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်ခြင်းကို ဇိုင်ယာန်းနှစ်ခြင်းအသင်းတော်၏အဖွဲ့ငယ်(၇)ဖွဲ့က ဧပြီ(၆)ရက်မှစတင်ဖွင့် လှစ်သင်ကြားပေးရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင် အုန်းသီးများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော   နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အုန်းပင်များကိုလည်း မိမိတို့အိမ်ခြံပတ်ဝန်းကျင်ရှိမြေလွတ်နေရာများတွင် သော် လည်းကောင်း၊ ဉယျဉ်ခြံများတွင်လည်းကောင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။ ယခုနွေရာသီ သင်္ကြန်နီးလာချိန်တွင် အုန်းသီးများဝယ်လို အားကောင်းပြီး ဈေးကောင်းရှိကြောင်း သိရသည်။ အုန်းပင်များသည် သက်တမ်းရှည်သော အပင်တစ်မျိုးဖြစ်ပြီး  နှစ်ရှည်သီးနှံပင် တစ်မျိုးဖြစ်သည်။

လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား လိုင်ချီးသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်တို၊ နှစ်ရှည် သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိကြရာ လိုင်ချီးပင်များကိုလည်း စိုက်ပျိုးထားကြပြီး ပေါ်ဦးပေါ်ဖျားလိုင်ချီးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲ အခမ်းအနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၄ နာရီခွဲက မြန်မာ့နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများအိမ်ရာ ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဘားအံအကျဉ်းထောင်၊အကျဉ်းစခန်းများမှ အကျဉ်းသား/အကျဉ်းသူ (၁၇၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

မြန်မာ့နှစ်ဆန်း(၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် ဘားအံအကျဉ်းထောင်မှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၁၇၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ

မြန်မာသက္ကရာဇ်(၁၃၈၇)ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ရာ ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတက်နေ့ ညဉီးပိုင်းက မဟာသင်္ကြန်ပွဲတော် ယိမ်းနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့်ဗဟိုမဏ္ဍပ်ပိတ်ပွဲ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

မြဝတီမြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကို မြန်မာနှစ်ဆန်း (၁) ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး လမ်းလျှောက်သင်္ကြန်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယတွင် ဆင်ယင်ကျင်းပသော မြန်မာ့ရိုးရာနှစ်သစ်ကူးလမ်းလျှောက်သင်္ကြန်ပိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲတွင် အမှတ် (၄) ရပ်ကွက်ရှိ မြစန္ဒီပန်းခြံဖျော်ဖြေရေး မဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဘားအံမြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာများတွင် ရေကစားကြသူများအထူးစည်ကား

ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ဖြစ်သည်နှင့်အညီ ဘားအံမြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာတည်ခင်းဧည့်ခံကျွေးမွေးကြသူများဖြင့် အထူးစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်