ကရင်ပြည်နယ်

မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ ရေကစားကြသူများဖြင့်စည်ကား ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများပါဝင်ဆင်နွှဲ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီလ ၁၅ ရက်နေ့ မဟာသင်္ကြန်အကြတ်နေ့တွင် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်၊ ကမ်းနားလမ်းတစ်လျှောက်ရှိမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များတွင် ရေကစားကြသူများ၊ စတုဒိသာဖြင့်တည်ခင်းဧည့်ခံ ကျွေးမွေးကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရေကစားမဏ္ဍပ်များသို့လှည့်လည်၍ ဒေသခံများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

မဟာသင်္ကြန်(အကျနေ့) မြဝတီမြို့လမ်းလျှောက်သင်္ကြန်မဏ္ဍပ်နှင့် ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်‌ရွှင်အေးချမ်းစွာ ရေကစား

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန် လမ်းလျှောက်ပွဲတော်နှင့် မြဝတီအာရှလမ်းမကြီးတစ်လျှောက် မဟာသင်္ကြန်(အကျနေ့)တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာရေကစားလျက်ရှိသည်။

မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ‎လှိုင်းဘွဲမြို့နယ်၊ ကျုံထော်ရေတံခွန်သို့ လာရောက် လည်ပတ်သူများပြား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‎ကျုံထော်ရေတံခွန်သို့ ပြည်တွင်း ခရီးသွားဧည့်သည်များ နေ့စဥ်လာရောက် လည်ပတ်လျက်ရှိရာ မြန်မာနှစ်သစ်ကူးပိတ်ရက်များအတွင်း လာရောက်လည်ပတ်သူများ များပြားလာကြောင်း သိရသည်။

ဘားအံမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစ၍ မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ယနေ့ မဟာသင်္ကြန်အကြိုနေ့နံနက်ပိုင်းက ကရင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနများမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြသည်။

ဘားအံမြို့၌ သင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်အား သင်္ကြန်ချစ်သူများမှ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲ

မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ်၊ ခရစ်သက္ကရာဇ် (၂၀၂၆)ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အား ယနေ့  သင်္ကြန်အကြို့နေ့ကို ကရင်ပြည်နယ် ဘားအံမြို့နယ်၌ နံနက် ၇ နာရီအချိန်က စတင်ပြီး သံလွင်မြစ် ကမ်းနားလမ်းတစ်လျှောက်ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးဌာန မဏ္ဍပ်များအား သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းရှိ သီရိကွင်းဒုံးစင် မြန့်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို နံနက် ၈ နာရီအချိန်က ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို နှင့်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် (ဗဟို) မဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၁၃၈၇-၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေ သဘင်ပွဲတော် (ဗဟို) မဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံလမ်းရှိ မြစန္ဒီပန်းခြံ မုခ်ဦး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး

မြန်မာသက္ကရာဇ် ၁၈၃၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဧပြီ ၁၂ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပွဲတော်ကျင်းပရေးကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

မြဝတီမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အမှတ်(၄) ရပ်ကွက်၊ မြစန္ဒီပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက အဆိုပါ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မည့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ယိမ်းအဖွဲ့များ၊ ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၏ အစမ်းလေ့ကျင့်နေမှုများနှင့် ဖွင့်ပွဲအခမ်းအနား အစီအစဉ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား

မြဝတီမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ အမှတ် (၄) ရပ်ကွက်၊ မြစန္ဒီပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။         

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒေသနေပြည်သူများ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသသည်။
Subscribe to ကရင်ပြည်နယ်